SJ WorldNews - шаблон joomla Авто

အီရန် အရှေ့တောင်ပိုင်းတွင် ငလျင်လှုပ်ခတ် ၄၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရ

Saturday, 02 December 2017 10:39 font size decrease font size decrease font size increase font size increase font size

အန်ကာရာ   ဒီဇင်ဘာ  

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း၌ ဒီဇင်ဘာ ၁ ရက်တွင် ပြင်းအား ၆ မဂ္ဂနီကျူ့ရှိ မြေ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားရာ ၄၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိပြီး    ရွှံ့ဖြင့် ဆောက်လုပ်ထားသော နေအိမ် အများစုရှိသည့် ကျေးရွာများ၌ လူနေအိမ် အမြောက်အမြား ပျက်စီးကြောင်း သိရသည်။

ကာမန်ပြည်နယ် အတွင်းရှိ ငလျင်ဒဏ် ခံစားရသည့် ဒေသများသို့  ကယ်ဆယ်ရေး အဖွဲ့ဝင်များ၊ အီရန်တော်လှန်ရေး အစောင့် တပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များကို စေလွှတ်ထားကြောင်း Fars သတင်းဌာနက ဖော်ပြသည်။

ကာမန်မြို့တော် အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ မြို့များမှ ဒေသခံများသည် ငလျင်လှုပ် ခတ်မှုဖြစ်ပွားစဉ် ကြောက်လန့်တကြားထွက် ပြေးကြကြောင်း နိုင်ငံပိုင် ရုပ်သံ သတင်းဌာန က ဖော်ပြသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ကျေးရွာရှစ်ရွာ အတွင်းရှိ လူနေအိမ် အချို့ ပျက်စီးခဲ့သော် လည်း အသေအပျောက်မရှိဟု တာဝန်ရှိသူ  တစ်ဦးက ရုပ်သံသတင်းဌာန တစ်ခုသို့ ပြောသည်။

ငလျင်ဒဏ် ခံစားရသော ကာမန်ပြည်နယ် အတွင်းရှိ ကျေးရွာများနှင့် ဒေသများအတွင်း စစ်ဆေးကြည့်ရှုမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ ငလျင်လှုပ်မှု ကြောင့် ၄၂ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း သက်သာ ချောင်ချိရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်း မှ အကြီးအကဲ တစ်ဦးဖြစ်သည့် မော်တီဇာ ဆာလီမီက ပြောသည်။

ငလျင်လှုပ်ခတ်မှုကြောင့် ဟာဂျက်ကျေးရွာနှင့် အချို့ ကျေးရွာများတွင် ပျက်စီး ဆုံးရှုံးမှုများစွာ ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပြတ် တောက်မှုများနှင့် ရေပြတ်လပ်မှုများ ဖြစ်ပွားကြောင်း Tasnim  သတင်းဌာနက  ဖော်ပြသည်။ အရေးပေါ် ရွက်ဖျင်တဲများ၊ အစားအစာ နှင့် ရေများကို ငလျင်ဒဏ် ခံစားရသော ဒေသများသို့ ပို့ဆောင်ပေးပြီး ဖြစ်ကြောင်း အီရန် လခြမ်းနီ အသင်းက ပြောသည်။

Ref: Reuters

Read 349 times Last modified on Saturday, 02 December 2017 10:41