SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှား၌ မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂ဝ ဦး သေဆုံး

Saturday, 02 December 2017 10:42 font size decrease font size decrease font size increase font size increase font size

ဂျကာတာ    ဒီဇင်ဘာ   

အိန္ဒိယသမုဒ္ဒရာမှ  ဝင်ရောက် တိုက်ခတ်လာသည့် မုန်တိုင်းကြောင့် အင်ဒိုနီးရှား နိုင်ငံအတွင်းရှိ ပြည်နယ်များ၌ လေပြင်းများ တိုက်ခတ်ကာ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခြင်းကြောင့် အိမ်ခြေပေါင်း ၁၇ဝ၉ လုံး ပျက်စီးပြီး လူအယောက် ၂ဝ သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ သဘာဝ ဘေးအန္တရာယ် ကျရောက်မှု အတွင်း လူလေးဦး ဒဏ်ရာရပြီး ဒေသခံ ၁၈၇၉ ဦးမှာ နေအိမ်များမှ စွန့်ခွာ ထွက်ပြေး၍ ဘေးကင်းရာ၌ ခိုလှုံခဲ့ရကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနမှ ဆူတိုပိုပါဝိုနျူဂရိုဟိုက ပြောသည်။

တာဝန်ရှိသူများသည်   ယင်းကဲ့သို့    သဘာဝဘေး အန္တရာယ် ကျရောက်မှုကြောင့်   ဆုံးရှုံးမှု တန်ဖိုးများကို တွက်ချက်လျက်ရှိကြောင်း ၄င်းက Xinhua သတင်းဌာနသို့ ပြောသည်။ တာဝန်ရှိသူများက အဆိုပါ မုန်တိုင်း ကျရောက်မှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၇ ရက်မှစ၍ ရက်သတ္တပတ်ကြာ အရေးပေါ် ထုတ်ပြန်ချက်ကို တရားဝင် ထုတ်ပြန်ကြေညာ ထားသည်။ ထို့ပြင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ရန် အစိုးရ တပ်ဖွဲ့ဝင် ၁၁၇၄ ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ၊ သဘာဝ ဘေးအန္တရာယ် အေဂျင်စီမှ တာဝန်ရှိသူများ၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး တာဝန်ရှိသူများ၊ စေတနာ့ ဝန်ထမ်းများကို အကူအညီ တောင်းခံခဲ့ကြောင်း ဆူတိုပိုက ဆက်ပြောသည်။

Ref: Xinhua

Read 371 times Last modified on Saturday, 02 December 2017 10:43