SJ WorldNews - шаблон joomla Авто

အန်ကောဝပ် ဘုရားကျောင်းမှ ခိုးယူခံရသည့် ရတနာများ ကမ္ဘောဒီးယားသို့ ပြန်လည်ရောက်ရှိ

Sunday, 03 December 2017 07:55 font size decrease font size decrease font size increase font size increase font size

ဖနွမ်းပင် ဒီဇင်ဘာ ၂

ကမ္ဘောဒီးယားနိုင်ငံရှိ နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်းမှ ခိုးယူခံရသည့် ရှေးဟောင်း ရတနာပစ္စည်းများသည် ဒီဇင်ဘာ ၂ရက်တွင် ကမ္ဘောဒီးယား နိုင်ငံသို့  ပြန်လည် ရောက်ရှိလာ ပြီဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားသည့် ပြည်တွင်း စစ်အတွင်း အန်ကောဝပ် ဘုရားကျောင်းမှ ရှေးဟောင်း သရဖူတစ်ခု၊ နားတောင်းများ၊ လက်ပတ်များ အပါ အဝင် ရွှေဖြင့် ပြုလုပ်ထားသည့် ရတနာ ၁ဝ မျိုး ခိုးယူခံလိုက်ရခြင်းဖြစ်သည်။

အဆိုပါ ရတနာများကို ပြီးခဲ့သည့်နှစ်တွင်လန်ဒန်မြို့ရှိ အနုပညာ ပစ္စည်းများ ရောင်းချသူ တစ်ဦး၏ အွန်လိုင်း ပစ္စည်းစာရင်းမှ ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

ယင်းရတနာ ပစ္စည်းများသည် အေဒီ ၉ရာစုနှင့် ၁၅ ရာစုအတွင်း ကမ္ဘောဒီးယား၊ထိုင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ကို လွှမ်းမိုးထားသော ခမာအင်ပါယာ မင်းဆက် ပိုင်ဆိုင်သော ပစ္စည်းများဖြစ်သည်။

အဆိုပါ ပစ္စည်းများကို ဗြိတိန်နိုင်ငံ၌ ပြန်လည်တွေ့ရှိပြီးနောက် ကမ္ဘောဒီးယား တာဝန်ရှိသူများ ကပြန်တောင်းပြီး ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့တစ်ဖွဲ့၏ အကူအညီဖြင့် ယင်း ပစ္စည်းများမှာ အစစ်အမှန်ဟုတ်၊ မဟုတ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒီဇင်ဘာ ၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ပြည်သူများက ဝမ်းပန်းတသာ ကြိုဆိုကြသည်။ယခုကဲ့သို့ နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များကို နိုင်ငံအတွင်းသို့ ပြန်လည်သယ်ဆောင်နိုင်ခြင်းသည် အနုပညာနှင့် ရှေးဟောင်း ပစ္စည်းများကိုချစ်မြတ်နိုးသော ပြည်သူများနှင့်သံတမန်များ အပါ အဝင် ကမ္ဘောဒီးယား နိုင်ငံသားအားလုံး၏ ရည်မှန်းချက်အောင်မြင်ခြင်း ဖြစ်ကြောင်း ကမ္ဘော ဒီးယား တာဝန်ရှိသူတစ်ဦးဖြစ်သည့် ချူဖိုအမ်က ပြောသည်။

Read 390 times Last modified on Sunday, 03 December 2017 07:57