SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် ဖိလစ်ပိုင်တို့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်မည်

Sunday, 03 December 2017 07:57 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၂

အမေရိကန် ပြည်ထောင်စုနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေးအပါအဝင် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေးနှင့် ရေကြောင်း လုံခြုံရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် သဘောတူကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ရက်တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်နိုင်ငံ တာဝန်ရှိသူများက ဝါရှင်တန်မြို့၌ နိုဝင်ဘာ ၃ဝ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် တွေ့ဆုံ ဆွေးနွေးပြီးနောက် အဆိုပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါတွေ့ဆုံမှုအတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်အတွက် လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တာဝန်ရှိသူများသည် နှစ်နိုင်ငံရေကြောင်းလုံခြုံရေး၊ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး၊ ဆိုက်ဘာလုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနှင့် အကြမ်းဖက် တိုက်ခိုက်မှု ချေမှုန်းရေးတို့ကို ပိုမို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင်အစိုးရက မင်ဒါနာအို ပြည်နယ်ရှိ အကြမ်းဖက်သမားများကို ချေမှုန်းနိုင်မှုအပေါ် ချီးကျူးဂုဏ်ပြုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ထောက်ပံ့မှုများ ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုသည်။

 

Read 372 times Last modified on Sunday, 03 December 2017 08:00