SJ WorldNews - шаблон joomla Авто

ကက်ရှမီးယားဒေသ၌ ကားတစ်စီး ချောက်ထဲထိုးကျ၊ အိန္ဒိယစစ်သည် လေးဦး သေဆုံး တစ်ဦး ဒဏ်ရာရ

Sunday, 03 December 2017 12:16 font size decrease font size decrease font size increase font size increase font size

ဆရီနာဂါ ဒီဇင်ဘာ ၂

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှမီးယားဒေသ၌ ကားတစ်စီးက တောင်တက်လမ်းသို့ မောင်းနှင်စဉ် လမ်းချော်ပြီး ချောက်နက်ထဲသို့ထိုးကျသွားရာ အိန္ဒိယကြည်းတပ်မှ စစ်သည် လေးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

အဆိုပါ ယာဉ်မတော်တဆမှုသည် အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှမီးယား ဒေသ၏ မြို့တော် ဆရီနာဂါမြို့တောင်ဘက် ၉၃ ကီလိုမီတာ အကွာရှိ ရန်ဘမ်ခရိုင် ရှအီတာနီနယ်လာ - ဘာနီဟဲအနီး၌ ဖြစ်ပွားခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁ ရက် ညအချိန်တွင် တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားတစ်စီးသည် လမ်းချော်ပြီး ရှအီတာနီနယ်လာရှိ ပေ ၄ဝဝနက်သော ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူကို ဆေးကုသမှု ခံယူရန်အတွက် အနီးရှိ ဘာနီဟဲ ဆေးရုံသို့ တင်ဆောင် ထားကြောင်းနှင့် လူသေ အလောင်းများကိုလည်း ယင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်တစ်ဦးကို နောက်ပိုင်းတွင် ဆရီနာဂါရှိ စစ်ဆေးရုံသို့ ပြောင်း ရွှေ့ခဲ့ကြောင်း သိရသည်။

Read 347 times Last modified on Sunday, 03 December 2017 12:19