SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အစ္စရေး ရဲတပ်ဖွဲ့က အစိုးရအဖွဲ့ အကြီးတန်း အရာရှိ ၁၇ ဦးကို လာဘ်ပေး လာဘ်ယူမှုဖြင့် ဖမ်းဆီး

Monday, 04 December 2017 09:20 font size decrease font size decrease font size increase font size increase font size

တဲအဗစ် ဒီဇင်ဘာ ၃

အစ္စရေး ရဲတပ်ဖွဲ့သည် အစိုးရအဖွဲ့ အကြီးတန်းအရာရှိ ၁၇ ဦးကို လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း Jerusalem Post သတင်းဌာနက ဖော်ပြသည်။

တဲအဗစ်မြို့၌ ပြည်သူထောင်ပေါင်းများစွာက ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစိုးရအဖွဲ့၏ အကျင့်ပျက်ခြစားမှုကို ဆန္ဒပြပြီးနောက် ယခုကဲ့သို့ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။ အင်အား ၃ဝဝဝဝ ခန့်ရှိ သည့်ဆန္ဒပြသူ များသည် ဒီဇင်ဘာ ၂ ရက်တွင် စုရုံးဆန္ဒပြခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ရစ်ရွန်လီဇီယွန်မြို့မှ အကြီးတန်း အရာရှိကြီးများ ပါဝင်နေပြီး ၎င်းတို့ကို ရာဇဝတ်ဂိုဏ်းများ၊ ဒေသန္တရ အစိုးရနှင့် ဗဟိုအစိုးရတို့အကြား အဆက်အ သွယ်ရှိ၊မရှိ စုံစမ်းဖော်ထုတ်ရန် လုပ်ဆောင်သည့် စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အစ္စရေးရဲတပ်ဖွဲ့သည် ဝန်ကြီးချုပ် နေတန်ယာဟုကို အမှုနှစ်ခုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး လျက်ရှိသည်။ ယင်းအမှုများ အနက်တစ်ခုမှာ ဝန်ကြီးချုပ် အနေဖြင့်ချမ်းသာကြွယ်ဝသည် လုပ်ငန်းရှင်ကြီး များထံမှ အဖိုးတန် လက်ဆောင်များ လက်ခံခြင်းရှိ၊ မရှိ စုံစမ်းစစ်ဆေးခံနေရခြင်း ဖြစ်ကြောင်း သတင်းစာတွင် ဖော်ပြထားသည်။ သို့ရာတွင် အကျင့်ပျက် လာဘ်စားသည်ဟူသော စွပ်စွဲချက်များကို နေတန်ယာဟုက ငြင်းဆိုထားပြီး ၎င်းသည် ပြိုင်ဘက်နိုင် ငံရေးသမားများ လုပ်ဆောင်သည့် နိုင်ငံရေး ထိုးနှက်မှု၏ သားကောင်သာ ဖြစ်သည်ဟု ပြောထားကြောင်း သိရသည်။

Read 320 times Last modified on Monday, 04 December 2017 09:23