SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

၂၁ဝဝ ပြည့်နှစ်တွင် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုကြောင့် အမေရိကန်ရှိ အထင်ကရနေရာ ၁၄ဝဝဝ နီးပါး ရေအောက် ရောက်မည်

Monday, 04 December 2017 09:18 font size decrease font size decrease font size increase font size increase font size

ရာသီဥတု ပြောင်းလဲမှုကြောင့် ၂၁ဝဝ ပြည့်နှစ်တွင် ဖြစ်ပေါ်လာမည့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှု သည် အမေရိကန် ပြည်ထောင်စုရှိ ရှေးဟောင်းနေရာများနှင့် အမျိုးသား အထိမ်းအမှတ်နေရာများ အပါအဝင် အထင်ကရနေရာ ၁၄ဝဝဝ နီးပါးမှာ ရေအောက်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ထုတ်ပြန်ထားသည်။

လာမည့်ရာစုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၁ မီတာအထိ မြင့်တက်လာနိုင်ပြီး ထို့နောက်ပိုင်း ရာစုနှစ်များတွင် ပင်လယ်ရေမျက်နှာပြင်မှာ ၅ မီတာနှင့်အထက် မြင့်တက်လာနိုင်ကြောင်း သုတေသန ပညာရှင်များ၏ လေ့လာချက် အရသိရသည်။ ထိုသို့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုသည် အမေရိကန် အရှေ့တောင်ပိုင်းရှိ အတ္တလန္တိတ် ကမ်းရိုးတန်းများနှင့် ပင်လယ်ကွေ့များအပေါ် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သုတေသနပညာရှင်များက သတိပေး ထားသည်။ အဆိုပါ အကျိုးသက်ရောက်မှု ရှိမည့်နေရာများတွင် မြောက်အမေရိက၌ အင်္ဂလိပ်များ ပထမဆုံးအကြိမ် အမြဲတမ်း အခြေချနေထိုင်ခဲ့သည့် ဗာဂျီးနီးယားပြည်နယ် ဂျိမ်းစတောင်းဒေသ ပါဝင်နိုင်သည်။ ထို့ပြင် ယင်းသို့ပင် လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ကမ်းရိုးတန်းများရှိ ရှေးဟောင်း အဆောက်အအုံများကို တိုက်ရိုက် အကျိုးသက်ရောက်နိုင်ပြီး လူသားများအနေဖြင့် မဖြစ်မနေရွှေ့ပြောင်း နေထိုင်ရမည်ဖြစ်သည်။ သန်းပေါင်းများစွာသော လူများရွှေ့ပြောင်း အခြေချနေ ထိုင်မှုကြောင့် ယင်းဒေသအတွင်းရှိ သမိုင်းဝင်နေရာများအပေါ် အကျိုးသက်ရောက်မှုများ ထပ်မံဖြစ်ပေါ်စေမည်ဖြစ်သည်။

သမိုင်းဝင် အဆောက်အအုံများ ပျောက်ကွယ်မည့် အလားအလာရှိသော ကျန်နေရာများမှာ မေရီလန်း၊ ဗာဂျီးနီးယား၊ မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ အလာဘားမား၊ မစ္စစ္စပီနှင့် လူဝီဆီယား နားပြည်နယ် တို့ဖြစ်သည်။

Read 366 times Last modified on Monday, 04 December 2017 09:24