SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကမ္ဘာမြေဆွဲအား ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်းဖြင့် ငလျင်များနှင့် ဆူနာမီဖြစ်စဉ်များကို အချိန်မီ သိရှိနိုင်မည်

Monday, 04 December 2017 09:20 font size decrease font size decrease font size increase font size increase font size

သေးငယ်လှသော ကမ္ဘာမြေဆွဲအား ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်းအားဖြင့် လူအသေအပျောက်များ စေသော ငလျင်လှုပ်ခတ်မှုများနှင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာမှုကို အချိန်မီကြိုတင် သိရှိနိုင်မည်ဖြစ်ကြောင်း သုတေသနပညာ ရှင်များက အခိုင်အမာ ပြောထားသည်။

ငလျင်လှုပ်ခတ်မှုများကြောင့် လူပေါင်း ၁ဝဝဝဝ ခန့်သည် နှစ်စဉ်သေဆုံးနေရပြီး လာမည့်ရာစုနှစ်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးမှုနှုန်းသည် ၃ ဒသမ ၁ သန်းအထိ မြင့်တက်လာမည်ဟု ပညာရှင်များ ကခန့်မှန်းထားသည်။ ကမ္ဘာမြေ၏ အနက်ရှိုင်းဆုံး အပိုင်းရှိ မျက်နှာပြင်လွှာ လှုပ်ခတ်သည့် အချိန်မှစတင်၍ ငလျင်ဒဏ်သက်ရောက်မှု ရှိမည့်နေရာသို့ မရောက်မီ မိနစ်တိုင်းသည် အလွန်တရာ အရေးကြီးသော အချိန်များဖြစ်သည်။

ထို့ကြောင့် ကမ္ဘာမြေဆွဲအား ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်းသည် လူများကို ကြိုတင် သတိပေးရမည့် အချိန် ပိုမိုရရှိနိုင်သည့်အတွက် လူသေဆုံးမှုနှုန်းကိုလည်း လျှော့ချနိုင်မည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားသည်။ လက်ရှိ အသုံးပြုနေသော ကြိုတင်သတိပေးရေး စနစ်များသည် မြေငလျင်လှိုင်းများကို ခြေရာခံသည့်နည်းကို အသုံးပြုထားခြင်းဖြစ်ပြီး ယင်းလှိုင်း၏ အမြန်နှုန်းသည် ၁ စက္ကန့်လျှင် လေးမိုင်မှ ငါးမိုင်နှုန်း အထိရှိသည်။ ကမ္ဘာမြေဆွဲအား အ ချက်ပြမှုများသည် ၁ စက္ကန့်လျှင် မိုင်ပေါင်း ၁၈၅ဝဝဝ နှုန်းဖြင့် သွားသည့်အတွက် မြေငလျင်ဖြစ်ပွားမည့် အခြေအနေကို လက်ရှိအသုံးပြုနေသည့် နည်းလမ်းထက် အဆပေါင်း ၄ဝဝဝဝ ကျော် ပိုမိုမြန်ဆန်စွာ သိရှိနိုင်မည်ဖြစ်သည်။ ပဲရစ် ကမ္ဘာ့ရူပဗေဒ အဖွဲ့အစည်းမှ သုတေသန ပညာရှင်များက ဂျပန်နိုင်ငံ၌ ၂ဝ၁၁ ခုနှစ်တွင် လှုပ်ခတ်သည့် တိုဟိုကူငလျင်၏ အချက်အလက်များကို အခြေပြု၍ ယခုနည်းလမ်းကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။

Read 326 times Last modified on Monday, 04 December 2017 09:25