SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပါဝင်သူများကို အကာအကွယ်ပေးမည်ဟု ဆိုလာသည့် ဒူတာတေ

Monday, 04 December 2017 09:25 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ (PNP) သည်နိုင်ငံအတွင်း၌ ဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် မူးယစ်ဆေးဝါး ရောင်း ဝယ်နေသူများဟု ယူဆရသူများကို တရားမဝင် သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများ က စွပ်စွဲလျက်ရှိသော်လည်း ၎င်းတို့၏ စွပ်စွဲမှုများကို အမှုမထားဘဲ ဖိလစ်ပိုင် သမ္မတ ဒူတာတေက လုံခြုံရေး တပ်ဖွဲ့များအား အကာအကွယ် ပေးလိုက်သည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် ဆိုသော် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ထောင်ဒဏ်ချမှတ်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဒူတာတေက ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒူတာတေ၏ ပြောကြားချက်သည် ဖိလစ်ပိုင်တွင် တရားမဝင် သတ်ဖြတ်မှုများကို ရဲတပ်ဖွဲ့ဝင်များက လုပ် ဆောင်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ထပ်မံစွပ်စွဲလိုက်ပြီး နောက်ပိုင်းနှင့် မနီလာမြို့တော်မှ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူဟု ယူဆရသူ သုံးဦးအား တရားမဝင် သတ်ဖြတ်ခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ လူ့အခွင့် အရေးအဖွဲ့များသည် ယခင်က လည်း ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအပေါ် အမျိုးမျိုး ဝေဖန်ထား၍ စွပ်စွဲမှုများ လုပ်ဆောင်လျက်ရှိသည်။ သို့ရာတွင် အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ တွင် ပါဝင်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် လက်နက် ကိုင် တပ်ဖွဲ့မှစစ်သည်များသည် သမ္မတ၏ အကာအကွယ် ပေးမှုအောက်တွင် ရှိနေပြီး ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပါဝင်နေသရွေ့ ပြစ်ဒဏ်ကျ ခံခွင့်ပြုမည်မဟုတ်ဟု ဒူတာတေကပြောသည်။ လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများ လုပ်ဆောင်စဉ်အတွင်း အယူအဆမှားယွင်းခြင်း သို့မဟုတ် မူးယစ်ဆေးဝါး ရောင်းဝယ်သူများက အဖမ်းမခံဘဲ ပြန်လည်ခုခံရန် ကြိုးပမ်းခြင်း စသည့်အကြောင်းရင်းများကြောင့် ပစ်ခတ် သတ်ဖြတ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု အစိုးရက တုံ့ပြန်ပြောကြားထားသည်။ ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ၎င်း တို့၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ထောင်ဒဏ်ချမှတ်ခြင်းကို ခွင့်ပြုမည် မဟုတ်ဟု ဒူတာတေက နိုဝင် ဘာ ၂၈ ရက်က ကျင်းပသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့ သည်။ ၎င်း၏ပြောကြားချက်သည် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဝေဖန်ထားသည့် အမေရိ ကန်အစိုးရ၊ ဥရောပ သမဂ္ဂအဖွဲ့နှင့် တခြားအဖွဲ့အစည်းများကို အံ့အားသင့်စေမည့် အလားအလာ ရှိနေသည်။ သို့ရာတွင် ဖိလစ်ပိုင် အစိုးရအနေဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွင်း တရားဥပေ ဒနှင့်အညီ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ ထို့ပြင် မနီလာမြို့တော်၌ ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိပြီး သမ္မတဒူတာတေ အနေဖြင့် ရဲတပ်ဖွဲ့က ကျူးလွန်သည့် အကြမ်း ဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် တရားမဝင် သတ် ဖြတ်မှုများကို သည်းခံမည်မဟုတ်ဟု ဆိုထားသည်။

ထို့ပြင် ဝေဖန်မှုများရှိနေသော်လည်း ဖိလစ်ပိုင် အစိုးရ အနေဖြင့် နိုင်ငံအတွင်း လုပ်ဆောင်နေသည့် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးတွင် ရဲတပ်ဖွဲ့အား ပြန်လည်တာဝန်ပေးအပ်ရန် စီစဉ်လျက်ရှိသည်ဟု အစောပိုင်းတွင် ထုတ်ပြန်ထားေ သာကြောင့် ဒူတာတေ အစိုးရ၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲသည် ပြည်တွင်းပြည်ပမှ ဝေဖန်မှုများကို တစ်ဖန်မြင့်တက် လာစေနိုင်ဖွယ်ရှိသည်။ (Ref: Sputnik, Phistar) နိုင်အောင်

Read 301 times Last modified on Monday, 04 December 2017 09:47