SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အဆုံးသတ်ရန် အလှမ်းဝေးနေသည့် ယီမင် စစ်ပွဲ

Monday, 04 December 2017 09:25 font size decrease font size decrease font size increase font size increase font size

ယီမင်နိုင်ငံအပေါ် လေကြောင်းမှ တိုက်ခိုက်နေသည့် ဆော်ဒီအာရေဗျနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်တားမြစ်ရန် ဥရောပ လွှတ်တော်အမတ်များက နိုဝင်ဘာ ၃ဝ ရက်တွင် တညီတညွတ်တည်း မဲခွဲ ထောက်ခံလိုက်ပြီး နောက်ပိုင်းတွင် သုံးနှစ်နီးပါး ကြာဖြစ်ပွားနေသည့် ယီမင်စစ်ပွဲကို အဆုံးသတ်နိုင်မည့် မျှော်လင့်ချက်များ ထွက်ပေါ်လာစေသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် စစ်ပွဲကိုရပ်တန့်ပစ်ရန် ဤမျှမလွယ်ကူပေ။ ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် အီရန်၏ အထောက်အပံ့ခံ ဟူသီသူပုန်များကို ဆက်လက် တိုက်ခိုက်လာနိုင်သည်။

အကြောင်းမှာ ယီမင်တွင် အီရန်က နိုင်ငံရေးနှင့် စစ်ရေးအရ လွှမ်းမိုးခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံ နိုင်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဆော်ဒီက ယီမင်အပေါ် ဒေါ်လာသန်းပေါင်း များစွာ အကုန်အ ကျခံကာ ဗုံးမိုးရွာနေခြင်းပင်ဖြစ်သည်။ ၎င်းတို့၏လေကြောင်းမှ တိုက်ခိုက်မှုသည် ဟူသီသူပုန် များအပေါ် ပစ်မှတ်ထားသည်ဟု ဆိုသော်လည်း အမှန်တကယ် မြေစာပင်ဖြစ်နေသူများမှာ ယီမင်ပြည်သူများ ပင်ဖြစ်သည်။ ထို့ပြင် ယီမင် အပေါ် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်ဘက် အဆောက်အအုံများနှင့် နိုင်ငံအတွက် အရေးပါသည့် အခြေခံ အဆောက်အအုံများ ပျက်စီးခဲ့ရသည်။

ဆော်ဒီအာရေဗျနှင့် အပေါင်းအပါတို့၏ အဆိုပါ လုပ်ဆောင်ချက်အပေါ် ဥရောပ လွှတ်တော်က ရှုတ်ချထားသည်။ အလားတူ စစ်ပွဲအရှိန် မြင့်တက်လာချိန်မှစ၍ ယီမင်အပေါ် ချမှတ်ထားသည့်ပိတ်ဆို့မှုများကြောင့် အ စားအစာအ တွက် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းအပေါ် အမှီသဟဲပြုနေသည့် ယီမင်မှာ များစွာအထိနာခဲ့ရသည်။ ယင်းနိုင်ငံ၌ ယခုအခါ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။ ပြည်သူထောင်ပေါင်း များစွာမှာ ယခုအချိန်တွင် နိုင်ငံတကာမှ အကူအညီများ လိုအပ်နေသည့် အခြေ အနေသို့ ရောက်ရှိနေပြီး အဆိုးရွားဆုံး ထိခိုက်ခံရသူများမှာ ကလေးသူငယ်များပင်ဖြစ်သည်။ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ပြည်သူများ ဒုက္ခေ တွ့ကြုံနေစဉ် ဥရောပလွှတ်တော်၏ လုပ်ဆောင်မှု ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျသို့ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရေးမူကြမ်းကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၃၉ မဲ၊ ကန့်ကွက်မဲ ၁၃ မဲဖြင့် အတည်ပြု လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဥရောပ သမဂ္ဂအဖွဲ့ကြီး၏ လက်နက်တင်ပို့ရောင်းချမှု ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်နေခြင်းအပေါ် ဥရောပ လွှတ်တော်အမတ် အများအပြားက ဆော်ဒီအာရေဗျကို ဝေဖန်ရှုတ်ချ ထားသည်။ သို့ရာတွင် ၎င်းတို့၏ မဲခွဲ ဆုံးဖြတ်မှုသည် ယီမင်စစ်ပွဲအား ရပ်တန့်နိုင်မည့် အလားအလာ နည်းပါးသည်ကို တွေ့မြင်နိုင်သည်။ အကြောင်းမှာ ဆော်ဒီအာရေဗျအား လက်နက်အများအပြား ရောင်းချနေသည့် နိုင်ငံများ၌ ဥရောပသမဂ္ဂမှ အဓိက အင်အားကြီးနိုင်ငံများ ပါဝင်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။ ယင်းနိုင်ငံများအနက် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့သည် ယီမင်အပေါ် ဆော်ဒီအာရေဗျက စတင်တိုက်ခိုက်သည့် ၂ဝ၁၅ ခုနှစ်မှစ၍ လက်နက် တင်ပို့ရောင်းချရန် သဘောတူညီထားသည်။

ထို့ပြင် ပြင်သစ်တစ်နိုင်ငံတည်းကပင် ပြီးခဲ့သည့်နှစ်အတွင်းက ဆော်ဒီအာရေဗျသို့ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိ လက်နက်များ တင်ပို့ရောင်းချရန် သဘောတူညီထားသည်ကို တွေ့ရသည်။ ထိုအကြောင်း ရင်းများကြော င့် ဥရောပလွှတ်တော်၏ ဆုံးဖြတ်ချက်သည် အရာထင်မည့် အလားအလာမှာ နည်းပါးနေသည် ဟုဆိုနိုင်သည်။ ထို့ပြင်ဆော်ဒီအာရေဗျသည် ၎င်းတို့လိုအပ်နေသည့် လက်နက်ခဲယမ်းများကို အမေရိကန် ပြည်ထောင်စုမှလည်း ဝယ်ယူနေသည်။ ယင်းနိုင်ငံသည် ပြီးခဲ့သည့် နှစ်နှစ်အတွင်းက ဆော်ဒီအာရေဗျသို့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ လက်နက်ခဲယမ်းများကို ရောင်းချထားသည်။

ထို့အတူ ယီမင်အပေါ် ဆော်ဒီအာရေဗျက လေကြောင်းမှ တိုက်ခိုက်နေခြင်းကို အမေရိကန် အစိုးရက သိ နေပြီး ယီမင်ပြည်သူများ ဒုက္ခရောက်နေခြင်းအား နားလည်သဘောပေါက် ထားသော်လည်း လေကြောင်းမှ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ရေငုံနှုတ်ပိတ်နေသည်။ ထို့ပြင် လူ့အခွင့်အရေးကို လေးစားသည်ဟု ဆိုနေသည့် အနောက်အင်အားကြီး နိုင်ငံများကလည်း ၎င်းတို့၏ လက်နက်ဖောက်သည်ကြီး မျက်နှာပျက်မည်ကို စိုးရိမ် နေကြသောကြောင့် ဥရောပ လွှတ်တော်၏ မဲခွဲဆုံးဖြတ်ချက်မှာ ထိရောက်မှုမရှိသည့်အပြင် ယီမင်စစ်ပွဲမှာ လည်း အဆုံးသတ်နိုင်မည့် အလားအလာနှင့် အလှမ်းဝေးနေဦးမည်သာ ဖြစ်သည်။

Read 341 times Last modified on Monday, 04 December 2017 09:49