SJ WorldNews - шаблон joomla Авто

မိုးမျှော်တိုက်၌ ဖြစ်ပွားသော မီးလောင်မှုနှင့် ပတ်သက်၍ လူ ၁၁ ဦးကို တရုတ်ဖမ်းဆီး

Monday, 04 December 2017 13:17 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၃

တရုတ်နိုင်ငံမြောက်ပိုင်း တျန်ကျင်းမြို့ရှိ မိုးမျှော်တိုက်မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုအရ စည်း ကမ်းချိုးဖောက်မှုများကို တွေ့ရှိပြီးနောက် လူ ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း အစိုးရက ဒီဇင်ဘာ ၃ ရက်တွင်ပြောသည်။

အဆိုပါ မီးလောင်မှုသည် ယင်းအဆောက်အအုံ၏ ၃၈ လွှာ၌ ဒီဇင်ဘာ ၁ ရက် နံနက်အစောပိုင်းတွင် အဆောက်အအုံပြန်လည် ပြုပြင်သော ပစ္စည်းများကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး လူ ၁ဝ ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိကြောင်း တျန် ကျင်း တာဝန်ရှိသူများက ပြောသည်။ ယင်းအဆောက်အအုံ ပြုပြင်ဆောက်လုပ်ရေး အတွက် တာဝန်ရှိသော ကုမ္ပဏီများ အနေဖြင့် မီးသတ်ရေကန်ကို အလွတ်ထားခြင်းကြောင့် မီးသတ်ပစ္စည်း ဆုံးရှုံးမှုဖြစ်စေကာ မီးလောင်မှု လျင်မြန် စွာ ပျံ့နှံ့ခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူများက ဆက်ပြောသည်။

တရုတ်အစိုးရသည် ပေကျင်းမြို့တော် တောင်ပိုင်းဒေသစွန်း၌ ပြီးခဲ့သည့်လတွင် အသေအပျောက်များသော မီးလောင်မှုဖြစ်ပွားပြီးနောက် နိုင်ငံ၌ မီးဘေးလုံခြုံရေးကို စိစိစစ်စစ် လုပ်ဆောင်လာကြောင်း သိရသည်။

Read 310 times Last modified on Monday, 04 December 2017 13:19