SJ WorldNews - шаблон joomla Авто

ဟျူစတန်မြို့၌ ဖြစ်ပွားသည့် ပစ်ခတ်မှု ဖောက်ထွင်းမှုဖြစ်ဟု ရဲတပ်ဖွဲ့ အတည်ပြု

Monday, 04 December 2017 13:17 font size decrease font size decrease font size increase font size increase font size

ဟျူစတန် ဒီဇင်ဘာ ၃

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဒီဇင်ဘာ ၂ ရက်တွင် ဖြစ်ပွားသောပစ်ခတ်မှုသည် အမှန်တကယ်အားဖြင့် လက်ဝတ် ရတနာဆိုင်၌ ဖောက်ထွင်းလုယက်မှု ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဖောက်ထွင်း လုယက်မှုအတွင်း သေကျေဒဏ်ရာရရှိသူ မရှိကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့ကပြောသည်။ ဓားပြတစ်ယောက်က မြို့လယ်ကောင်မှ ကီလိုမီတာ ၂ဝ ခန့်ဝေးသည့် ဈေးဝယ်စင်တာရှိ မေစီ လက်ဝတ်ရတနာဆိုင်မှ လက်ဝတ်ရတနာများ ထည့်သွင်းပြသ ထားသည့်မှန်ကိုတူဖြင့် ရိုက်ခွဲသည်။ ထို့ နောက် ဓားပြသည် အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း ဟျူစတန်ရဲတပ်ဖွဲ့မှ လက်ထောက် အကြီးအကဲ ဂျိမ်းဂျိုနီက သတင်း ဌာနတစ်ခုသို့ ပြောသည်။ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာပြီး လက်ဝတ်ရတနာများကို ရွှေ့ပြောင်းခြင်းနှင့် ဓားပြကိုရှာဖွေမှုများ လုပ်ဆောင်ကြောင်း သိရသည်။

Read 305 times Last modified on Monday, 04 December 2017 13:20