SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အာဖဂန် နစ္စတန် အရှေ့ပိုင်း၌ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား၊ ခြောက်ဦး သေဆုံး

Monday, 04 December 2017 13:17 font size decrease font size decrease font size increase font size increase font size

ဂျလာလာဘတ် ဒီဇင်ဘာ ၃

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်၏ မြို့တော် ဂျလာလာဘတ်၌ ဒီဇင်ဘာ ၃ ရက်တွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ ဗုံးခွဲတိုက်ခိုက်သူ အပါအဝင် ခြောက်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိ ကြောင်း နန်ဂါ ဟာပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ အက်တာလတ်ချိုဂီနီက ပြောသည်။

အသေခံ ဗုံးခွဲတိုက်ခိုက်သူသည် ပေါက်ကွဲစေသော ပစ္စည်းများ တပ်ဆင်ထားသည့် မော်တော်ဆိုင်ကယ်ဖြင့် အသေခံဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ကြောင်း ချိုဂီနီက Xinhua သတင်းဌာနသို့ ပြောသည်။ အဆိုပါ ဗုံးခွဲတိုက် ခိုက်မှုသည် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲတွင်ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း သေကျေဒဏ်ရာ ရရှိသူများသည် အရပ်သားများ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အသေခံဗုံးခွဲ တိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အ စည်း သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဝန်မခံထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

Read 343 times Last modified on Monday, 04 December 2017 13:20