SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား ကမ်းလွန်တွင် ရေနံတင် သင်္ဘောနှင့် ငါးဖမ်း သင်္ဘော တိုက်မိ

Monday, 04 December 2017 13:17 font size decrease font size decrease font size increase font size increase font size

ဆိုး ဒီဇင်ဘာ ၃

တောင်ကိုရီးယားနိုင်ငံ အင်ချွန်ကမ်းလွန်၌ ဒီဇင်ဘာ ၃ ရက်တွင် ရေနံတင်သင်္ဘော တစ်စင်းနှင့် ငါးဖမ်း သင်္ဘောတစ်စင်းတို့ တိုက်မိရာ အနည်းဆုံး ၁၃ ဦးသေဆုံးသွားကြောင်း သိရသည်။

မတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဆိုးမြို့အနောက်ပိုင်းရှိ ယုံဟွမ်ကျွန်း အနီး၌ ဖြစ်ပွားခြင်းဖြစ်သည်။ အဆိုပါ မတော်တဆမှု ဖြစ်ပွားချိန်တွင် ငါးဖမ်းသင်္ဘော၌ ခရီးသည်အ ယောက်၂ဝ နှင့် သင်္ဘော အမှုထမ်း နှစ်ဦးလိုက်ပါလာကြောင်းနှင့် မတော်တဆ ဖြစ်ပွားပြီးနောက် လူနှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခင်းဖြစ်ပွားရာနေရာသို့ ရဟတ်ယာဉ်လေးစင်းနှင့် ကယ်ဆယ်ရေး ရေယာဉ် ၁၄ စင်းကို အစိုးရက စေလွှတ်ထားကြောင်း သိရသည်။

Read 402 times Last modified on Monday, 04 December 2017 13:20