SJ WorldNews - шаблон joomla Авто

ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများဆိုင်ရာ သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်

Monday, 04 December 2017 13:21 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၃

အမေရိကန် အစိုးရသည် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်သည့် Global Compact on Migration မှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂက ထောက်ခံ အတည်ပြုထားသည့် Global Compact on Migration သည် အမေရိကန် အစိုးရ ၏ မူဝါဒများနှင့် ကိုက်ညီမှုမရှိသောကြောင့် ယင်းသဘောတူညီချက်မှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေက ဒီဇင်ဘာ ၂ ရက်တွင်ပြောသည်။ ထိုသဘောတူညီ ချက်ကို ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံ၏ တစ်ခဲနက် သဘောတူမှုဖြင့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်း သူများဆိုင်ရာ နယူးယောက် ကြေညာချက်အဖြစ် ချမှတ်ထားခြင်းဖြစ်သည်။ ယင်းသဘောတူညီချက်တွင် ပါဝင်လက်မှတ် ထိုးထားသည့် နိုင်ငံများ အနေဖြင့် ဒုက္ခသည်များ၏ လူ့အခွင့်အရေးကို ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ပြီး ၎င်းတို့အား ပြန်လည်အခြေချရေး၊ ပညာသင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေး စသည့်အခွင့်အရေးများ ပေးရမည်ဖြစ်သည်။ ယင်းသဘောတူညီချက်မှ နုတ်ထွက်သော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများအား ရက် ရက် ရောရောထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ဟာလေကဆိုသည်။

အမေရိကန် အစိုးရ အနေဖြင့် ၎င်းတို့၏ နယ်စပ်များကို အကောင်းဆုံး ထိန်းချုပ်ရန်နှင့် မည်သူအား နိုင်ငံ အတွင်းသို့ဝင်ခွင့်ပြုမည်နှင့် ပတ်သက်၍ ကိုယ်တိုင်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ဟာလေကဆက်ပြောသည်။ သမ္မတထရမ့်၏ အစိုးရ လက်ထက်တွင် အမေရိကန် ဦးစားပေး မူဝါဒကို ချမှတ်ကျင့်သုံး လာပြီးနောက် ယင်းနိုင်ငံသည် ရာသီဥတု ပြောင်းလဲလာခြင်းကို ကိုင်တွယ်ဖြေရှင်းမည့် ပဲရစ်သဘောတူညီချက် အပါအဝင် သမ္မတဟောင်း ဘားရက်အိုဘားမား လက်မှတ်ထိုးထားသည့် သဘောတူညီချက် အများစုမှနုတ် ထွက်ခဲ့ကြောင်း သိရသည်။

Read 352 times Last modified on Monday, 04 December 2017 13:23