SJ WorldNews - шаблон joomla Авто

CPC အနေဖြင့် ကမ္ဘာနိုင်ငံရေး ပါတီများနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်ဆို

Monday, 04 December 2017 13:21 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၃

တရုတ်ကွန်မြူနစ်ပါတီ (CPC) အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေး ပါတီများနှင့် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင် ယန်ကျိချီက ဒီဇင်ဘာ ၃ ရက်တွင်ပြောသည်။

CPC ဗဟိုကော်မတီဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းမှ အဖွဲ့ဝင်ယန်သည် ပေကျင်း မြို့တော်၌ ပြုလုပ်သော ကမ္ဘာ့နိုင်ငံရေး ပါတီများမှ အဆင့်မြင့် တာဝန်ရှိသူများ ဆွေးနွေးပွဲ၌ ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ လူသားများနှင့် ပိုမိုကော င်းမွန်သော ကမ္ဘာအတွက် မျှတသော အနာဂတ် အဖွဲ့အစည်း တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ကြရန် CPC နှင့် ကမ္ဘာတစ်ဝန်းနိုင်ငံရေး ပါတီများကို ယန်ကတောင်းဆို လိုက်ကြောင်း သိရသည်။ ယန်သည် ဒီဇင်ဘာ ၁ ရက်တွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ CPC ဗဟိုကော်မတီ၏ အတွင်းရေး မှူးချုပ်ဖြစ်သော သမ္မတ ရှီကျင့်ဖျင်၏ မိန့်ခွန်းကို ကိုးကား၍ ပြောခြင်းဖြစ်သည်။ ယင်းမိန့်ခွန်းတွင် ကမ္ဘာ့ အနာဂတ်ကို လမ်းပြရန်၊ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာမှုကို ဝေမျှရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိ ပါတီများနှင့်အတူ လုပ်ဆောင်ရန် CPC ၏ဆုံးဖြတ်ချက်ကို ဖော်ပြထား ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် CPC ကပြု လုပ်သော ဆောင်ရွက်ချက်များ နှင့် အဓိကမိန့်ခွန်းတို့ကို လေးလေးစားစား ပြောဆို ဆွေးနွေးခဲ့ကြောင်း ယန်ကပြောသည်။

Read 379 times Last modified on Monday, 04 December 2017 13:23