SJ WorldNews - шаблон joomla Авто

ဆင်းရဲ၊ ချမ်းသာ မညီမျှမှုက အရှေ့ အာရှနိုင်ငံများ၏ စီးပွားရေး အောင်မြင်မှုကို ခြိမ်းခြောက်နေဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

Tuesday, 05 December 2017 09:28 font size decrease font size decrease font size increase font size increase font size

ဂျကာတာ ဒီဇင်ဘာ ၎

အရှေ့ အာရှနိုင်ငံများတွင် ဆင်းရဲ၊ ချမ်းသာမညီမျှမှုက ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ အုတ်မြစ်အတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၄ ရက်တွင်ထုတ်ပြန်ထားသည်။

၁၉၈ဝ ပြည့်လွန်နှစ်များမှစ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုသည် ဒေသတွင်းရှိ ပြည်သူသန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့သော်လည်း ကြီးပွားချမ်းသာခြင်းသည် များပြားလှသော ပြည်သူများအတွက် ချမ်းသာကြွယ်ဝမှု တရိပ်ရိပ်ထိုးတက်လာခြင်းနှင့် စီးပွားရေး အာမခံချက်ကို မရရှိစေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများသည် လူမှုဖူလုံရေးကို ပိုမိုဆောင် ရွက် ပေးနိုင်ရမည်ဖြစ်ပြီး ဆင်းရဲ၊ ချမ်းသာမညီမျှမှု၏ဆိုးကျိုးများကို မလိုချင်သည့် ဆင်းရဲသော ပြည်သူများအား စီးပွားရေး တိုးတက်ကောင်းမွန်အောင် ဆောင်ကြဉ်းပေးနိုင်ရမည် ဖြစ်သည်ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် အလျင်အမြန် များပြားလာသော လူဦးရေ၊ မြို့ပြလူနေမှုစနစ် လျင်မြန်စွာ ထွက်ပေါ်လာခြင်းနှင့် စက်ရုံအလုပ်များကိုသာ စူးစူးစိုက်စိုက် လုပ်လာကြသည့်အတွက် အလုပ်ကြမ်းများ လျင်မြန်စွာ ပျောက်ကွယ်လာမှုကြောင့် သန်းေ ပါင်းများစွာသော ပြည်သူများကို ဆင်းရဲတွင်းထဲသို့ ပြန်ရောက်သွားစေပြီး ၎င်းတို့သည် ပျမ်းမျှအားဖြင့်တစ်ရက်လျှင် ၃ ဒသမ ၁ ဒေါ်လာမှ ၅ ဒသမ ၅ ဒေါ်လာသာ ဝင်ငွေရှိတော့ကြောင်း သိရသည်။

ဂျပန်နှင့် တောင်ကိုရီးယားကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများ မပါဝင်သော အရှေ့အာရှဒေသတွင်း နိုင်ငံများနှင့် ပစိဖိတ် ကျွန်းစုနိုင်ငံများရှိ ဆင်းရဲသော ပြည်သူအရေအတွက်မှာ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သိသိသာသာ လျော့ ကျလာသော် လည်း ဝင်ငွေမညီမျှမှုမှာ ကွာခြားလာကြောင်း သိရသည်။

Read 294 times Last modified on Tuesday, 05 December 2017 09:32