SJ WorldNews - шаблон joomla Авто

ဒေါ်နယ်ထရမ့် လက်ထက် နိုင်ငံ၏ လုံခြုံရေး မဟာဗျူဟာကို မကြာမီ ထုတ်ပြန်မည်

Tuesday, 05 December 2017 09:29 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၎

အမေရိကန် အစိုးရသည် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံ၏ လုံခြုံရေး မဟာဗျူဟာကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းThe Wall Street Journal က ဒီဇင်ဘာ ၄ ရက်တွင် ဖော်ပြသည်။

အဆိုပါ မဟာဗျူဟာကို နိုင်ငံအပေါ် ကျရောက်လာနိုင်သည်ဟု ယူဆထားသည့် အဓိက စိန်ခေါ်မှုများအပေါ် အခြေခံ၍ ချမှတ်သွားမည်ဟု အိမ်ဖြူတော်မှ အရာရှိတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဂျာနယ်ကဖော်ပြသည်။ ထရမ့် အစိုးရသည် ၎င်း၏သက်တမ်းတွင် ပထမဆုံးဖြစ်သည့် အဆိုပါ မဟာဗျူဟာချမှတ်မည့် အစီအစဉ်ကို ကုလသမဂ္ဂက ထောက်ခံထားသည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများဆိုင်ရာ သဘောတူညီချက်မှ အမေရိကန် ပြည်ထောင်စု နုတ်ထွက်ပြီးနောက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အမျိုးသား လုံခြုံရေးမဟာ ဗျူဟာတွင် အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံသားများကို ကာကွယ်ရေး၊ အမေရိကန် ပြည်ထောင်စု၏ ကြွယ်ဝချမ်းသာမှုကို တိုးတက်စေရေး၊ အင် အားဖြင့် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရေးနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးဟူသော အဓိက ဒေါက်တိုင်ကြီးလေးခု ပါဝင်မည်ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး အကြံပေးဟား ဘတ်မက်မာစတာက ရေဂင်အမျိုးသား ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြုလုပ်ခြင်းဖြစ်ပြီး ယင်းဆွေးနွေးပွဲသို့ လွှတ်တော် အမတ်များ၊ စစ်ဘက်ခေါင်းဆောင်များ တက်ရောက်ကြောင်း သိရသည်။ လာမည့် ရက်သတ္တပတ်များအတွင်း ထုတ်ပြန်မည့် လုံခြုံရေး မဟာဗျူဟာတွင် မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု၊ နိုင်ငံတကာ အကြမ်းဖက်ဝါဒ၊ အီရန်၏ဒေသတွင်း ဝင်ရောက်စွက်ဖက်မှုနှင့် အာရှဒေသအတွင်း တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းတို့ ပါဝင်မည်ဖြစ်ပြီး အနောက်နိုင်ငံများအတွင်း ရုရှားအစိုးရက လုပ်ဆောင်နေသည့် ဝါဒဖြန့်ချိမှု ဆိုင်ရာကြိုးပမ်းမှုများအပေါ် အဓိကထား အလေးပေး ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Read 319 times Last modified on Tuesday, 05 December 2017 09:32