SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တောင်ကိုရီးယားနိုင်ငံမှ အမေရိကန် စစ်သည်များ၏ မိသားစုဝင်များ ထွက်ခွာရန် အချိန်တန်ပြီဟု အမေရိကန် လွှတ်တော် အမတ်ဆို

Tuesday, 05 December 2017 09:29 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၎

တောင်ကိုရီးယား နိုင်ငံအတွင်းရှိ အမေရိကန်စစ်သည်များ၏ မိသားစုဝင်များ အနေဖြင့် ယင်းနိုင်ငံမှ ထွက်ခွာရန် အချိန်တန်ပြီဟု အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်က ပြောသည်။ ထို့ပြင် အမေ ရိကန်စစ်သည် များ၏ မှီခိုသူများကို ယင်းနိုင်ငံသို့ သွားရောက်ခွင့်ပြုနေခြင်းကို အိမ်ဖြူတော်အနေဖြင့် လေး လေးနက်နက် ပြန်လည် စဉ်းစားသင့်ပြီဖြစ်ကြောင်း ၎င်းကအကြံပြုထားသည်။

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန် စစ်သည်များ၏ ဇနီးများနှင့် သားသမီးများကို ယင်းနိုင်ငံသို့ ဆက်လက် စေလွှတ်နေခြင်းသည် အလွန်တရာ ရူးမိုက်ရာရောက်ကြောင်း၊ မြောက်ကိုရီးယား အနေဖြင့် ရန်စတိုက်ခိုက် မည့်အခွင့် အရေးကို ရရှိသွားစေကြောင်း၊ ၎င်းအနေဖြင့် မှီခိုသူများကို ယခုကဲ့သို့ စေလွှတ်နေခြင်းကို ရပ်တန့်စေလိုကြောင်းနှင့် ယင်းနိုင်ငံအတွင်းရှိ အမေရိကန်စစ်သည်များ၏ မိသားစုဝင်များ အနေဖြင့်လည်း မိခင်နိုင်ငံ သို့ပြန်လာရန် အချိန် တန်ပြီဟု ယူဆကြောင်း တောင်ကာရိုလိုင်းနားပြည်နယ်မှ ရီပတ်ဘလစ်ကန်အမတ် လင်ဆေးဂရေဟမ်က CBS ရုပ်သံ ၏ Face the Nation အစီအစဉ်တွင် ပြောခြင်းဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယားတို့မှ စစ်လေယာဉ် အများအပြား ပါဝင်သော Vigilant Ace စစ်ရေးလေ့ကျင့်ခန်းသည် မြောက်ကိုရီးယား နိုင်ငံအပေါ် အလုံးစုံရန်စ ကျူးကျော်ခြင်းဖြစ်သည်ဟု ယူဆထားသည့်အတွက် မည်သည့် အချိန်တွင်မဆို နျူကလီးယား စစ်ပွဲတစ်ပွဲ ဖြစ်သွားေ စနိုင်ကြောင်း မြောက်ကိုရီးယား အာဏာရပါတီ၏ Rodong Sinmun သတင်းစာက ဒီဇင်ဘာ ၄ ရက်တွင် ရေးသား ဖော်ပြထားသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အဆိုပါ ငါးရက်ကြာ စစ်ရေးလေ့ကျင့်ခန်းက ၎င်းတို့၏ နိုင်ငံကို ကျူး ကျော်ရန်အတွက် ကြိုတင်လေ့ကျင့်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ယူဆထားသည်။ မြောက်ကိုရီးယားသည် အမေရိကန် ပြည်မကြီးရှိ မည်သည့်မြို့ကိုမဆို တိုက်ခိုက်နိုင်သည်ဟု အခိုင်အမာ ပြောထားသော အလွန်ကြီးမားသည့် ဒုံးကျည်ထိပ်ဖူး တပ်ဆင်ထားသည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ပုံစံ အသစ်ကို ပြီးခဲ့သည့်ရက်သတ္တပတ်တွင် စမ်း သပ်ပစ်လွှတ်ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့က အဆိုပါ ငါး ရက်ကြာ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို လုပ်ဆောင်ခြင်းဖြစ်သည်။

Read 265 times Last modified on Tuesday, 05 December 2017 09:33