SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နေရင်းနိုင်ငံများသို့ ဆန္ဒအလျောက် ပြန်သွားရန် သဘောတူသည့် ခိုလှုံခွင့် တောင်းခံသူများအား ဂျာမနီ အစိုးရက တစ်ဦးလျှင် ဒေါ်လာ ၃ဝဝဝ ကျော် ပေးရန်စီစဉ်

Tuesday, 05 December 2017 10:29 font size decrease font size decrease font size increase font size increase font size

ဘာလင် ဒီဇင်ဘာ ၎

နိုင်ငံအတွင်းမှ ထွက်ခွာ၍ နေရင်းနိုင်ငံသို့ ပြန်သွားမည့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများအား ဂျာမနီ အစိုးရက တစ်ဦးလျှင် ဒေါ်လာ ၃ဝဝဝ ကျော် ပေးအပ်ရန် စီစဉ်လျက်ရှိသည်။

ဂျာမနီနိုင်ငံအတွင်းရှိ နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံထားရသူများ အနေဖြင့် ဆန္ဒအလျောက် နေရင်းနိုင်ငံများသို့ ပြန်ရန်သဘောတူပါက ပြည်ထဲရေး ဝန်ကြီးဌာနက တစ်ဦးလျှင် ဒေါ်လာ ၃၅၇ဝ ကို ပေးအပ်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား၍ ဝန်ကြီးဌာနတွင် လျှောက်ထားနိုင်မည်ဖြစ်သည်။ ဂျာမနီအစိုးရသည် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်းသူများအနက် ၎င်းတို့၏ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားခြင်း မငြင်းပယ်ခံရမီ အချိန်ကတည်းက နေရင်းနိုင်ငံသို့ပြန်ရန် သဘောတူသူများအား တစ်ဦးလျှင် ၁၄၂၃ ဒေါ်လာနှင့် မှီခိုသူကလေးငယ် တစ်ဦးလျှင် ၇၁၁ ဒေါ်လာပေးအပ်လျက်ရှိကြောင်း သိရသည်။

ယခုအခါ ရွှေ့ပြောင်းဝင်ရောက်လာသူ ၈၆၃၉ ဦးသည် အစိုးရက ကမ်းလှမ်းသည့် အစီအစဉ်တွင် ပါဝင်ရန် သဘောတူထားကြောင်း Bild am Sonntag သတင်းစာက ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြထားသည်။ ဂျာမနီ နိုင်ငံတွင် ခိုလှုံ ခွင့်ငြင်းပယ် ခံထားရသည့် ရွှေ့ပြောင်းဝင်ရောက်သူ ၁၁၅ဝဝဝ ခန့် သောင်တင်လျက်ရှိနေပြီး ၎င်းတို့အနက်မှ အများစုကို လူသားချင်း စာနာမှုဆိုင်ရာ အကြောင်းရင်းများကြောင့် အစိုးရက ၎င်းတို့၏ နေရင်းနိုင်ငံများသို့ ပြန်လည်ပို့ေ ဆာင်နိုင်ခြင်း မရှိကြောင်း သိရသည်။

Read 358 times Last modified on Tuesday, 05 December 2017 10:33