SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

သမ္မတဟောင်း ဆာလေး၏ တပ်ဖွဲ့အတွက် ဆော်ဒီ ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့က လေကြောင်းမှ လက်နက်များ ချပေး

Tuesday, 05 December 2017 10:33 font size decrease font size decrease font size increase font size increase font size

ဧဒင် ဒီဇင်ဘာ ၎

ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို တိုက်ခိုက်နေသည့် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေးအား သစ္စာခံသော တပ်ဖွဲ့များအတွက် လက်နက်များကို ဒီဇင်ဘာ ၄ ရက်တွင် လေကြောင်းမှချပေးကြောင်း စစ်ဘက်သတင်းအရင်းအမြစ် တစ်ခုက ပြောသည်။

ညွန့်ပေါင်းတပ်ဖွဲ့သည် အဆိုပါ လက်နက်များကို ဒီဇင်ဘာ ၄ ရက်အစောပိုင်း အချိန်တွင် ဟူသီသူပုန်များ ထိန်းချုပ်ထားသော ဆာနားမြို့သို့ လေကြောင်းမှ ချပေးခြင်းဖြစ်ကြောင်းနှင့် ထိုအချိန်သည် ယီမင်စစ်ပွဲစတင်သည့် ၂ဝ၁၅ ခုနှစ် မှစ၍ အဆိုးဝါးဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်ပွဲဖြစ်ပွားချိန် ဖြစ်ကြောင်းနှင့် ဆာနားမြို့တစ်ဝန်းရှိ လမ်းမများပေါ်၌ ရင်ဆိုင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားကြောင်း သိရသည်။ လေကြောင်းမှချပေးသည့် ပစ္စည်းများ တွင် လက်နက်များအပြင် ဟူသီသူပုန်များကို တိုက်ခိုက်နေသော ခေါင်း ဆောင်များအတွက် ဆက်သွယ်ရေးစက် အမျိုးမျိုးလည်း ပါဝင်ကြောင်း သမ္မတဟောင်းဆာလေးကို သစ္စာခံသည့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးက Xinhua သတင်း ဌာနသို့ဖုန်းဖြင့် သတင်းပေးပို့သည်။

ထို့ပြင် ဆာလေးကို သစ္စာခံသောတပ်ဖွဲ့များသည် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းမှ အကာအကွယ်ကိုလည်း ရရှိကြောင်းနှင့် ဟူသီသူပုန်များသည် ဆာနားမြို့ဝန်းကျင်ရှိ ဒေသများကို သိမ်းပိုက် နိုင်ခဲ့ကြောင်း ဒေသတွင်းအရေး လေ့လာသူများက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးဝန်းကျင်တွင် နေထိုင်သော အရပ်သားနှစ်သန်းခန့်မှာလည်း ၎င်းတို့၏ နေအိမ်များအတွင်း ပိတ်မိနေသည်မှာ သုံးရက်ကြာ ရှိနေပြီဖြစ်ကြောင်း သိရ သည်။ လူဦးရေ ၂၇ သန်းရှိသည့်ယီမင်နိုင်ငံမှ လူဦးရေ ၂၃ သန်းခန့်သည် ဟူသီသူပုန်များ ထိန်းချုပ်ထားသော နိုင်ငံမြောက်ပိုင်း၌ နေထိုင်ကြခြင်းဖြစ်သည့်အတွက် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပါက အပြစ်မဲ့ပြည်သူ သေဆုံးမှုများ ပိုမိုများပြား လာဖွယ်ရှိကြောင်း သိရသည်။

Read 380 times Last modified on Tuesday, 05 December 2017 10:34