SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ဗြိတိန် ပတ်စပို့ ရရှိထားခြင်း မရှိဟုဆို

Tuesday, 05 December 2017 11:43 font size decrease font size decrease font size increase font size increase font size

ဘန်ကောက် ဒီဇင်ဘာ ၎

တရားခံပြေးအဖြစ် သတ်မှတ်ထားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာသည် ဗြိတိန်ပတ်စ ပို့ကို ရရှိထားခြင်း မရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဝင်နေက ဒီဇင်ဘာ ၄ ရက်တွင်ပြော သည်။

ယင်လပ်အနေဖြင့် ဗြိတိန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံရန် ကြိုးပမ်းပြီးနောက် ၎င်းသည် ဗြိတိန်ပတ်စပို့ ကိုရရှိထားသည်ဟု သတင်းဌာနများက ဖော်ပြပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ ပြောဆိုချက်ထွက်ပေါ် လာခြင်းဖြစ် သည်။ ယင်လပ်နှင့် ပတ်သက်၍ အချို့သော ဖြစ်နိုင်ခြေများကို ထိုင်း သို့မဟုတ် ဗြိတိန် တာဝန်ရှိ သူမည်သူကမျှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိကြောင်း ဒွန်ကပြောသည်။ ထို့ပြင်ဘန်ကောက်မြို့ရှိ ဗြိတိန် သံရုံးကလည်း ယင်လပ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မည်သည့်သတင်းမျှ ပေးပို့ထား ခြင်းမရှိကြောင်း ၎င်းကဆက်ပြောသည်။ ယင်လပ်သည် ထိုင်းတရားရုံးချုပ်၏ ရုံးချိန်းဆင့်ခေါ်မှုကို မသွားဘဲ အိမ်နီးချင်းကမ္ဘောဒီးယား နယ်စပ်မှတစ်ဆင့် နိုင်ငံအတွင်းမှ ရုတ်တရက်ထွက်ခွာကာ အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တိတ်တဆိတ်သွားပြီး ထိုမှတစ်ဆင့် ဗြိတိန်နိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံနေခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက အစောပိုင်းတွင် ထုတ်ပြန် ထားသည်။

ယင်လပ်၏ ဖူထိုင်းပါတီခေါင်းဆောင်သော အစိုးရက ဖော်ဆောင်သည့် ဆန်စပါး စီမံကိန်းသည် နိုင်ငံအတွက် ဘတ်ဘီလီယံ ၅ဝဝ ဆုံးရှုံးနစ်နာစေသည်။ ထို့ကြောင့် ယင်လပ်သည် အုပ်ချုပ်ရေး ညံ့ဖျင်းမှုနှင့် တာဝန်ပေါ့ဆမှုတို့ဖြင့် တရားစွဲဆို ခံရခြင်းဖြစ်သည်။ သို့သော် တရားရုံး၏ဆင့်ခေါ်မှုကို မသွားသည့်အတွက် တရားရုံးချုပ်က ယင်လပ်ကို မျက်ကွယ်ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ထားကြောင်း သိရသည်။

Read 378 times Last modified on Tuesday, 05 December 2017 11:48