SJ WorldNews - шаблон joomla Авто

ဖေဖော်ဝါရီလမှစ၍ လက်နက်ကိုင်သူပုန်၂၆၄ ဦးသေဆုံး သို့မဟုတ် ဖမ်းဆီးခံရကြောင်း ဖိလစ်ပိုင် စစ်ဘက်ဆို

Tuesday, 05 December 2017 11:48 font size decrease font size decrease font size increase font size increase font size

မနီလာ ဒီဇင်ဘာ ၎

ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ လက်နက်ကိုင်သူပုန် ၂၆၄ ဦးသည် သေဆုံး သို့မဟုတ် ဖမ်းဆီးခံရပြီး ပြည်သူ့ တပ်မတော် အသစ် (NPA) မှအဖွဲ့ဝင် ၅၇၃ ဦးသည် ဆန္ဒအလျောက် လက်နက်ချကာ သေနတ် ၆၂၂ လက်ကို သိမ်းဆည်းရမိကြောင်း ဖိလစ်ပိုင် တပ်မတော် (AFP) က ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။

NPA သည် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) ၏လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် ယင်းတပ်ဖွဲ့၌ အဖွဲ့ဝင် ၃၈ဝဝ ခန့်ရှိကာ ဖိလစ်ပိုင်ရှိ အဆင်းရဲဆုံး ပြည်နယ်များ၌ ဗဟိုနှင့်ဒေသတွင်း အစိုးရတို့ကို တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဖိလစ်ပိုင်စစ်ဘက်ကလည်း ကျန်ရှိနေသေး သောသူပုန်များကို လက်နက်ချရန် တောင်းဆိုထားပြီး သို့မဟုတ်ပါက ချေမှုန်းခံရမည်ဖြစ်ကြောင်း ပြောထားသည်။ မကြာမီရက်များအတွင်း NPA သူပုန်များ ထပ်မံလက်နက်ချမည်ဟု မျှော်လင့်ထားပြီး ဖိလစ်ပိုင် တပ်မတော် အနေဖြင့် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုတို့ လုပ်ဆောင်နေသော သူပုန်များကို ထိုးစစ်ဆင်မှုများ ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း AFP ၏ ပြည်သူ့ေ ရးရာ အကြီးအကဲ ဗိုလ်မှူးကြီး အတ်ဂါ့အရီဗယ်လို ကပြောသည်။

သမ္မတ ဒူတာတေသည် နိုဝင်ဘာလတွင် CPP နှင့် တရားဝင်ဆွေးနွေးပွဲများ အဆုံးသတ်သည့် ကြေညာချက်ကို လက်မှတ်ရေးထိုးလိုက်ပြီးနောက် ပြစ်ဒဏ်များကို ရင်ဆိုင်ရန် သို့မဟုတ် လက်နက်ချရန် လက်ဝဲဝါဒီ သူပုန်ခေါင်းေ ဆာင်များကို ပြောထားကြောင်း သိရသည်။

Read 386 times Last modified on Tuesday, 05 December 2017 11:52