SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တောင်ကိုရီးယားနှင့် အမေရိကန်တို့ လေကြောင်း ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်

Tuesday, 05 December 2017 11:52 font size decrease font size decrease font size increase font size increase font size

ဆိုး ဒီဇင်ဘာ ၎

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏  ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီး ယားစစ်ပွဲ ဖြစ်ပွားအောင် တွန်းပို့နေသကဲ့သို့ ဖြစ်နေကြောင်းနှင့် မြောက်ကိုရီးယားက သတိပေးနေသည့်ကြားမှ အဆိုပါ နှ စ်နိုင်ငံသည် ဒီဇင်ဘာ ၄ ရက်တွင် လေကြောင်းပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် အရေးယူပိတ်ဆို့မှုများကို ဖီဆန်၍ နျူကလီးယား လက်နက်ထုတ်လုပ်မှု အစီအစဉ်ကို ပြုလုပ်နေခြင်းဖြစ်ပြီး ၎င်းတို့အသစ် ထုတ်လုပ်ထားသော တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သည် အမေရိကန်သို့ ရောက်ရှိ သည်အထိ ပစ်ခတ်နိုင်ကြောင်း ပြောဆိုကာ စမ်းသပ်ပြပြီးနောက် ရက်အနည်းငယ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။ ကိုရီးယားကျွန်းဆွယ် အရေးကိစ္စတွင် ပါဝင်သူများ အနေဖြင့် အေးအေးသက်သာ ဖြေရှင်းခဲ့ခြင်း မရှိသဖြင့် အလွန်စိတ်မကောင်း ဖြစ်ရ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကဆိုသည်။ မြောက်ကိုရီးယား အစိုးရဘက်မှ နျူကလီးယား လက်နက်အစီအစဉ်ကို ရပ်ဆိုင်းပေးပါက အပြန်အ လှန်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ဘက်မှ စစ်ရေးလေ့ကျင့်မှုကြီးကို ရပ်တန့်ပေးရန် တရုတ်နှင့်ရုရှားတို့က အဆိုပြုသည်။

နှစ်စဉ်ပြုလုပ်မြဲဖြစ်သော အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေး လေ့ကျင့်မှုကြီးကို Vigilant Ace ဟု အမည်ပေးထားပြီး ဒီဇင်ဘာ ၈ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် ၏ F-22 Raptor ကိုယ်ပျောက် တိုက်လေယာဉ်ခြောက်စင်းနှင့် လေယာဉ်အစင်း ၂၃ဝ ကျော်ပါဝင်ကြောင်း သိရသည်။ အမေရိကန် မရိန်းတပ်ဖွဲ့နှင့် ရေတပ်မှ တပ်ဖွဲ့ဝင်များ အပါအဝင် တပ်ဖွဲ့ဝင် ၁၂ဝဝဝ နီးပါးသည် တောင်ကိုရီးယားတပ် ဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ကြောင်း သိရသည်။

Read 387 times Last modified on Tuesday, 05 December 2017 11:57