SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကယ်လီဖိုးနီးယားတွင် တောမီးလောင်မှုကြောင့် အိမ်ခြေ ၆ဝဝ ကျော် ဘေးကင်းရာသို့ ပြောင်းရွှေ့

Wednesday, 06 December 2017 09:35 font size decrease font size decrease font size increase font size increase font size

လော့အိန်ဂျလိ ဒီဇင်ဘာ ၅

အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် ဗန်တူရာစီရင်စုတွင် တောမီးလောင်မှုကြောင့် အိမ်ခြေ ၆၁၃လုံး ဘေးကင်းရာသို့ ပြောင်းရွှေ့ရကြောင်း သိရသည်။ အဆိုပါတောမီးသည် ဗန်တူရာစီရင်စုဆန် တာပေါလာမြို့ရှိ သောမတ်အကွီနာ ကောလိပ်နှင့် ဆတီကယ်ပန်းခြံတို့ရှိသော နေရာ၌ ဒီဇင်ဘာ ၄ ရက် ဒေသစံတော်ချိန် ည ၇ နာရီမထိုးမီတွင် စတင်လောင်ကျွမ်းခြင်း ဖြစ်သည်။ ထို့နောက် တောမီးသည် လျင်မြန်စွာပျံ့နှံ့လာရာ အမှတ်(၁၅ဝ) အမြန်လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်အထိ လောင်ကျွမ်းလာပြီး အာဏာပိုင်များက ထိုအမြန်လမ်းမကြီးကို ပိတ်ထားလိုက်ရသည်။

အဆိုပါတောမီးကြောင့် မြေဧက ၅ဝဝဝ ခန့်မှာ မီးလောင်ကျွမ်းသွားပြီဖြစ်ကြောင်း ဗန်တူရာစီရင်စု အုပ်ချုပ် ရေးအဖွဲ့က ဒေသစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထို့ပြင် ဒေသခံ ၂ဝဝဝ ခန့်မှာဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း NBC သတင်းဌာနက ၎င်းတို့၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။ ဗန်တူရာစီရင်စု မီးသတ်ဌာနကလည်း အနီးဝန်းကျင်ရှိ မီးသတ်ဌာနများကို အကူအညီ တောင်းခံထားကြောင်း၊ မီးသတ်ကားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှာ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေကြောင်းနှင့် အချို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကားများမှာ တောမီးလောင်ကျွမ်းရာ နေရာသို့ သွားနေကြောင်း ဒေသ တွင်းထုတ် San Luis Obispo Tribune သတင်းစာက ဖော်ပြထားသည်။ လော့အိန်ဂျလိမြို့နှင့် အခြားဒေသများကလည်း ညဘက်ပျံသန်းနိုင်သော ရဟတ်ယာဉ်များကို အကူအညီ တောင်းခံထားသော်လည်း လေထန်သောကြောင့် ရ ဟတ်ယာဉ်များ ချက်ချင်းပျံတက်နိုင် ခြင်းမရှိကြောင်း သိရသည်။ ထို့ပြင် တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံများ မီးလောင်သွားသော် လည်း လူထိခိုက်ဒဏ်ရာရမှု မရှိသေးကြောင်း အဆိုပါ သတင်းစာက ဖော်ပြထားသည်။

Read 366 times Last modified on Wednesday, 06 December 2017 09:39