SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တရုတ်က စိုက်ပျိုးရေးတွင် ပိုးသတ်ဆေး အသုံးပြုမှုကို တဖြည်းဖြည်း လျှော့ချသွားမည်

Wednesday, 06 December 2017 09:36 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဒီဇင်ဘာ ၅

တရုတ်အစိုးရသည် စိုက်ပျိုးရေးတွင် အသုံးပြုနေသော ပြင်းထန်သည့် ပိုးသတ်ဆေး ၁၂ မျိုးကို ငါးနှစ်အတွင်း တဖြည်းဖြည်း လျှော့ချသွားရန် စီစဉ်နေသည်။ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့၏ လယ်ယာထွက်ကုန် ပစ္စည်းများဘေး ကင်း စိတ်ချရမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန် လာစေရန်ရည်ရွယ်သော အဓိကအားဖြင့် မြေဆီလွှာ ညစ်ညမ်းမှုကို ထိန်းချုပ်ရန် ရည်ရွယ်သော တောင်းဆိုမှုများမြင့်တက်လာစဉ် တရုတ်အ စိုးရ၏ ယခုအစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်ရှိတွင် တရုတ် အစိုးရသည် ပြင်းထန်သော ပိုးသတ်ဆေး ၂၂ မျိုး အသုံးပြုမှုကို ရပ်ဆိုင်းထားပြီးဖြစ်ကာ အသီးအရွက်များနှင့် လက်ဖက်တို့တွင် မည်သည့်ပိုးသတ်ဆေးမျှ အ သုံးမပြုရန် တားမြစ်ထားသည်။ သို့သော် အန္တရာယ်ရှိသော ပိုးသတ်ဓာတုပစ္စည်း အမျိုးအစားအချို့ကို စိုက်ပျိုးရေးတွင် ဆက်လက် အသုံးပြုနေဆဲဖြစ်ပြီး အဓိကအားဖြင့် မြေအောင်းပိုးမွှားများကို သုတ်သင်ရာတွင် အသုံးပြုခြင်းဖြစ်ေ ကြာင်း စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ကောက်ပဲ သီးနှံစီမံခန့်ခွဲရေး ဌာနမှူး ဇန်ယန်းဒီကပြောသည်။ စိုက်ပျိုးရေး ဝန်ကြီးဌာနသည် ပြင်းထန် ပိုးသတ်ဆေးဖြစ်သော အန်ဒိုဆူဖန်နှင့် မီသိုင်းဘရိုမိုက်တို့ အသုံးပြုခြင်းကို ၂ဝ၁၉ ခုနှစ်အရော က်တွင် ရပ်ဆိုင်းရန် ညွှန်ကြား ထားပြီးဖြစ်သည်။ အယ်ဒီကာ့၊ ဖိုရိတ်နှင့်အိုင်ဆိုကာဘိုဖိုတို့ အသုံးပြုခြင်းကိုမူ ၂ဝ၁၈ ခုနှစ်တွင်ရပ်ဆိုင်း သွားမည်ဖြစ်ပြီး အိုမီသိုတေးနှင့် အလူမီနီယံဖော့စဖိုက်တို့ကို ၂ဝ၂ဝ ပြည့်နှစ်တွင် လည်းကောင်း၊ ကလိုရိုပစ်ရင်း၊ ကာဘိုဖူရန်နှင့် မီသိုမိုင်းတို့ကို ၂ဝ၂၂ ခုနှစ်တွင်လည်းကောင်း အသုံးပြုမှုများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read 338 times Last modified on Wednesday, 06 December 2017 09:40