SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ထရမ့်အစိုးရ၏ တတိယအကြိမ် ခရီးသွားလာခွင့် ပိတ်ပင်မှုကို အမေရိကန် တရားရုံးချုပ် ခွင့်ပြု

Wednesday, 06 December 2017 09:36 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၅

အမေရိကန် တရားရုံးချုပ်သည် ထရမ့်အစိုးရက တတိယအကြိမ် ပြင်ဆင်ထားသော ခရီးသွားလာခွင့် ပိတ်ပင်မှုကို ဒီဇင်ဘာ ၄ ရက်တွင် ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ခွင့်ပြုပေးလိုက်ခြင်းသည် နိုင်ငံရှစ်နိုင်ငံမှ နိုင်ငံ သားများ၏ အမေရိကန် ပြည်ထောင်စုသို့ ဝင်ရောက်မှုအပေါ် အကျိုးသက်ရောက်မှု ရှိစေမည်ဖြစ်သည်။ အဆိုပါ ခရီးသွားလာခွင့် ပိတ်ပင်မှုသည် ဆီးရီးယား၊ အီရန်၊ ချတ်၊ ယီမင်၊ ဆိုမာလီယာ၊ လစ်ဗျားနှင့် မြောက်ကိုရီးယားမှ ပြည်သူများသာမက ဗင်နီဇွဲလားမှ တာဝန်ရှိသူအချို့ကို အမေရိကန် ပြည် ထောင်စုသို့ ဝင်ရောက်ခွင့် တားမြစ်ထားခြင်းဖြစ်သည်။

ယင်းခရီးသွားလာခွင့် ပိတ်ပင်မှုကို ယခင်ကအောက်ရုံးများက အကန့်အသတ်ဖြင့်သာ ခွင့်ပြုခဲ့သော်လည်း ထို ကန့်သတ်ချက်များကို တရားရုံးချုပ်က ဖယ်ရှားကာ အပြည့်အဝ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ခရီးသွားလာခွင့် ပိတ်ပင်ခြင်းသည် အမျိုးသား လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ထရမ့်အစိုးရက ပြောသည်။ သို့သော် ထိုပိတ်ပင်မှုသည် ဘာသာရေးအရ ခွဲခြားဆက်ဆံမှုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပိတ်ပင်လိုက်သည့် နိုင်ငံအ များစုမှာ အစ္စလာမ်ဘာသာဝင် အများစုရှိသည့် နိုင်ငံများဖြစ်ကြောင်း ဝေဖန်ရေး သမားများကပြောသည်။

Read 329 times Last modified on Wednesday, 06 December 2017 09:41