SJ WorldNews - шаблон joomla Авто

အကြီးတန်း အယ်ကိုင်ဒါ ခေါင်းဆောင်နှင့် စစ်သွေးကြွ ၈ဝ ကိုချေမှုန်းနိုင်ဟု အာဖဂန် ထောက်လှမ်းရေး အဖွဲ့အတည်ပြု

Wednesday, 06 December 2017 12:20 font size decrease font size decrease font size increase font size increase font size

ကဘူး ဒီဇင်ဘာ ၅

အကြီးတန်းအယ်ကိုင်ဒါ ခေါင်းဆောင် တစ်ဦးအပါအဝင် စစ်သွေးကြွ ၈ဝ ကိုချေမှုန်းနိုင်ကြောင်း အာဖဂန် နစ္စတန်ထောက်လှမ်းရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်တွင် အတည်ပြုကြေညာသည်။ အာဖဂန်ကြည်းတပ် ထောက်လှမ်းရေး အဖွဲ့နှင့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် မကြာသေးမီ ကနိုင်ငံအရှေ့ပိုင်းရှိ ဂါဇနီပြည်နယ်တွင် စစ်ဆင်ရေးများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန် အမျိုးသား လုံခြုံရေး ညွှန်ကြားရေးမှူး ချုပ်ရုံး (NDS) ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း ချေမှုန်းခံရသည့် အယ်ကိုင်ဒါ အကြီးတန်းခေါင်းဆောင်မှာ အိုမာခီတက် ဖြစ်ကြောင်းနှင့် ၎င်းသည် အာဖဂန်အစိုးရ၏ စစ်ဆင်ရေးများအတွင်း ချေမှုန်းခံရသည့် အဆင့်မြင့်ဆုံး အယ်ကိုင်ဒါ ခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း NDS ၏ထုတ်ပြန်ချက်အရ သိရသည်။ ခီတက်သည် မည်သည့် နိုင်ငံသားဖြစ်သည်ကို အဆိုပါ ထုတ်ပြန်ချက်တွင် မဖော်ပြထားသော်လည်း ၎င်းသည် အယ်ကိုင်ဒါအဖွဲ့ခေါင်းဆောင် အာဆင်အိုမာပြီးနောက် ဒုတိ ယခေါင်းဆောင်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ချေမှုန်းခံရသည့် စစ်သွေးကြွများမှာလည်း အယ်ကိုင်ဒါနှင့် တာလီဘန်စစ်သွေးကြွ အဖွဲ့တို့မှ အဓိက ကျသောခေါင်းဆောင်များဖြစ်ကြောင်းနှင့် ယင်းစစ်ေ သွးကြွများမှာ အစိုးရအဖွဲ့နှင့် ညွန့်ပေါင်းအဖွဲ့တို့ အပေါ် ပြုလုပ်သော တိုက်ခိုက်မှုများတွင် ပါဝင်သူများဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ခေါင်းဆောင်ပိုင်းများ အပါအဝင် စစ်သွေးကြွ အများအပြား သေဆုံးရခြင်းသည် အာဖဂန်နစ္စ တန်နိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို နှောင့်ယှက်ဖျက်ဆီးနေသော အကြမ်းဖက်အဖွဲ့အတွက် ဆုံးရှုံးနစ်နာမှုကြီး ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read 322 times Last modified on Wednesday, 06 December 2017 12:29