SJ WorldNews - шаблон joomla Авто

ယီမင် သမ္မတဟောင်း ဆာလေးကို ဟူသီသူပုန် အဖွဲ့က လုပ်ကြံ သတ်ဖြတ်

Wednesday, 06 December 2017 12:20 font size decrease font size decrease font size increase font size increase font size

ဆာနား ဒီဇင်ဘာ ၅

ဆော်ဒီအာရေဗျ နိုင်ငံဘက်သို့ ဘက်ပြောင်းသွားခဲ့သည့် ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေးကို အီရန်ထောက်ခံသည့် ဟူသီသူပုန်အဖွဲ့က သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဟူသီသူပုန်များသည် ဆာလေးအား ၎င်း၏ ဘက်ပြောင်းမှုနှင့် ဆော်ဒီအာရေဗျနှင့် ငြိမ်းချမ်းရေးရယူမှုတို့ကြောင့် မြို့တော်ဆာနားမှ ထွက်ပြေးရန်ကြိုးပမ်းနေစဉ် ဒီဇင်ဘာ ၄ ရက်က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။ ဆာလေးသည် ၎င်း၏ပါတီမှ ထိပ်တန်းခေါင်းဆောင် များနှင့်အတူ ဆာနားမြို့တော်မှ ဇာတိမြို့ဖြစ်သည့် ဆန်ဟန်မြို့သို့ ခရီးသွားနေစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဟူသီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။ ယင်းနောက်တွင် ဆာလေး၏ ရုပ်အလောင်းကို ဟူသီပိုင်ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။ အစောပိုင်းတွင် ဟူသီသူပုန်များနှင့် ဆာလေးအား သစ္စာခံသည့် လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဆာနားမြို့တော်၌ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး တိုက်ခိုက်မှုအတွင်း ဆာေ လး၏နေအိမ်မှာ ပျက်စီးသွားကြောင်း ဗြိတိန်သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။ ဆာလေးသည် ယီမင်နိုင်ငံအား နှစ်ပေါင်း ၃ဝ ကျော် အုပ်ချုပ်ခဲ့ပြီးနောက်၂ဝ၁၁ ခုနှစ်တွင်ဖြစ်ပွားသည့် အာရပ်နွေဦး တော်လှန်ရေးကြောင့် ရာထူးမှစွန့်ခွာခဲ့ခြင်းဖြစ်သည်။ ရာထူးမှ စွန့်ခွာခဲ့ပြီးနောက်ပိုင်းတွင် ဟူသီသူပုန်များနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် ဆော်ဒီအာရေဗျ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့ဘက်သို့ ဘက်ပြောင်း သွားခြင်းဖြစ်ကြောင်း သိရသည်။

Read 362 times Last modified on Wednesday, 06 December 2017 12:29