SJ WorldNews - шаблон joomla Авто

စစ်အေးကာလ နောက်ပိုင်း စစ်အသုံးစရိတ်ကို အမြင့်ဆုံးအဖြစ် ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ရန် အမေရိကန် စီစဉ်

Wednesday, 06 December 2017 12:20 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၅

ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် နိုင်ငံ၏ စစ်အသုံးစရိတ်ကို စစ်အေးတိုက်ပွဲ ပြီးဆုံးပြီး ချိန်မှစ၍ အမြင့်ဆုံးအဖြစ် ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ရန် စီစဉ်လျက်ရှိကြောင်း ကွန်ဂရက်ဆိုင်ရာ အသုံးစရိတ်ရုံး အဖွဲ့ (CBO) က ထုတ်ပြန်လိုက်သည်။

CBO ၏ခန့်မှန်းချက်အရ အမေရိကန် အစိုးရသည် ၂ဝ၁၈ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို တဖြည်းဖြည်း တိုးမြှင့်သွားမည်ဖြစ်ပြီး ၂ဝ၂၇ ခုနှစ် အရောက်ခန့်တွင် စစ်အသုံးစရိတ်မှာ ဒေါ်လာ ၆၈၈ ဘီလီယံအထိ မြင့်တက် လာမည်ဖြ စ်ကြောင်း သိရသည်။ ယင်းပမာဏသည် ၁၉၈ဝ ပြည့်နှစ်အတွင်း အမေရိကန် အစိုးရက သုံးစွဲခဲ့သည့် စစ်အသုံးစရိတ်ထက် ၂ဝ ရာခိုင်နှုန်း ပိုမိုများပြားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက်က ထုတ်ပြန်သည့် CBO ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူ အစိုးရသည် လက်ရှိစစ်သည်ဦးရေ တစ်သန်း ကျော်အား၂ဝ၂၇ ခုနှစ်ခန့်တွင် စစ်သည် ၁ ဒသမ ၂ သန်းအထိ တိုးမြှင့်သွားမည်ဖြစ်သည်။ ထို့ပြင် အစိုးရ အနေဖြင့် ရေတပ်တွင် အသုံးပြုနေသည့် စစ်သေ င်္ဘာအရေအတွက်ကို လက်ရှိ ၂၇၉ စင်းမှ ၃၅၅ စင်းအထိ တိုးချဲ့ကာ လေတပ်ရှိ တိုက်လေယာဉ် အုပ်စုများကိုလည်း လက်ရှိ ၅၅ အုပ်စုမှ ၆ဝ အထိ တိုးချဲ့ဖွဲ့စည်းရန် စီစဉ်ထားသည်။ အလားတူ ကမ်းတပ်ဖွဲ့၏ အရွယ်အစားကိုလည်း တိုးချဲ့သွားရန် အစိုးရက စီစဉ်လျက်ရှိကြောင်း သိရသည်။ အမေရိကန်အစိုးရ၏ စစ်အသုံးစရိတ် တိုးမြှင့်ရေးအတွက် တင်သွင်းခဲ့သည့် ၂ဝ၁၈ ခုနှစ် အမျိုးသား ကာကွယ်ရေး ခွင့်ပြုချက် အက်ဥပဒေကို အထက်လွှတ်တော်က စက်တင် ဘာလတွင် အတည်ပြု ထားခြင်းဖြစ်ပြီး အဆိုပါ အက်ဥပဒေအရ အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်ဆင်ရေးများတွင် အစိုးရ အနေဖြင့် ဒေါ်လာ ၆ဝဝ ဘီလီယံ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ အက်ဥပဒေအရ အမေရိကန်အစိုးရ၏ စစ်အသုံးစရိတ်သည် ယခင်က အကြီးဆုံးဖြစ်သည့် ဒေါ်လာ ၅၄၉ ဘီလီယံပမာဏရှိ စစ်အသုံးစရိတ်အား ကျော်ဖြတ်၍ ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော စစ်အသုံးစရိတ် ဖြစ်လာခဲ့သည်။

Read 241 times Last modified on Wednesday, 06 December 2017 12:31