SJ WorldNews - шаблон joomla Авто

အာရပ်စော်ဘွားများ ပြည်ထောင်စုက ဆော်ဒီအာရေဗျနှင့် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အသစ်ကို ဖွဲ့စည်း

Wednesday, 06 December 2017 12:31 font size decrease font size decrease font size increase font size increase font size

ကူဝိတ်စီးတီး ဒီဇင်ဘာ ၅

အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သည် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ (GCC) နှင့်မသက်ဆိုင်သည့် စီးပွားရေးနှင့် မိတ်ဖက်အဖွဲ့တစ်ဖွဲ့ကို သီးခြားထူထောင်လိုက်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့အသစ်ထူထောင်မှုကို ကူဝိတ်နိုင်ငံ၌ ပြုလုပ်မည့် GCC ညီလာခံမတိုင်မီ အာရပ်စော် ဘွားများပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ပူးတွဲပူးပေါင်းဆောင်ရွက်မှု ကော်မတီအသစ် ဖွဲ့စည်းမှုကို အာရပ်စော်ဘွားများ ပြည်ထောင်စု သမ္မတ ရှိတ်ခါလီဖာ ဘင်ဇာယတ်အယ်နေဟန်က အတည်ပြု လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန် ထားသော်လည်း ဆော်ဒီအာရေဗျဘက်ကမူ မည်သည့်မှတ်ချက်မျှ ပြောထားခြင်းမရှိကြောင်း သိရသည်။ ထိုသို့ အဖွဲ့အစည်းအသစ် ဖွဲ့စည်းမှုသည် ကာတာအရေးနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးမည့် GCC ညီလာခံအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အဆိုပါ အဖွဲ့အသစ်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ အကြားရှိ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ေ ကျးမှုနှင့် နှစ်နိုင်ငံ အကျိုးစီးပွားများအတွက် အ ရေးပါသော အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Read 295 times Last modified on Wednesday, 06 December 2017 12:32