SJ WorldNews - шаблон joomla Авто

အိန္ဒိယ လုံခြုံရေး တပ်ဖွဲ့က နာဆယ် သူပုန်ခုနစ်ဦးကို ချေမှုန်း

Thursday, 07 December 2017 09:36 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဒီဇင်ဘာ ၆

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ ထရာပြည်နယ်၌ ဒီဇင်ဘာ ၆ ရက်တွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် နာဆယ်သူပုန်အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရာ သူပုန်အဖွဲ့ဝင် အနည်းဆုံး ခုနှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ချေမှုန်းလိုက်နိုင်ကြောင်း ဒေသတွင်း သတင်းဌာနက ဖော်ပြထားသည်။ ချက်တီဂါးပြည် နယ်နှင့် အိမ်နီးချင်းဖြစ်သော ဂတ်ချီရိုလီခရိုင်၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် နာဆယ်သူပုန် ခုနစ်ဦးကို စစ်ဘက် ကချေမှုန်း လိုက်နိုင်ခြင်းဖြစ်ကြောင်း နယူးဒေလီမြို့အခြေစိုက် Asian News International သတင်းဌာနက ဖော်ပြထားသည်။ သေဆုံးသူများအနက် ငါးဦးသည် သူပုန်အဖွဲ့၏ အမာခံအမျိုးသမီးများ ဖြစ်ကြောင်းနှင့် ကျန်နှစ်ဦးသည် အမျိုးသားများဖြစ်ကြောင်း ဒေသ တွင်းရှိ Ngapur သတင်းဌာနကပြောသည်။ အဆိုပါနာ ဆယ် သူပုန်များသည် မော့ဝါဒီ ကွန်မြူနစ်သူပုန်များဖြစ်ပြီး ၁၉၆၇ ခုနှစ်မှစ၍ အနောက်ဘန်ဂေါ ပြည်နယ်ရှိ နာဆယ်ဘာရီကျေးရွာ၌ အခြေတည်ခြင်းဖြစ်သည်။ လက်ရှိအချိန် တွင် အဆိုပါသူပုန်များသည် အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့ရှိ ဒေသအများစုတွင် နေရာယူထားကြောင်း သိရသည်။

Read 271 times Last modified on Thursday, 07 December 2017 09:42