SJ WorldNews - шаблон joomla Авто

ဝန်ကြီးချုပ် ထရီဆာမေကို လုပ်ကြံ သတ်ဖြတ်မည့်သူ နှစ်ဦးအား အကြမ်းဖက်မှုဖြင့် ဖမ်းဆီး

Thursday, 07 December 2017 09:49 font size decrease font size decrease font size increase font size increase font size

လန်ဒန် ဒီဇင်ဘာ ၆

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေကို လုပ်ကြံသတ်ဖြတ်မည့် အကြံအစည်ကို ပြည်တွင်း လုံခြုံရေး အေဂျင်စီဖြစ် သည့် MI5 ကဖော်ထုတ်နိုင်ပြီး လူနှစ်ဦးကိုဖမ်းဆီးခဲ့ကြောင်းThe Guardian သတင်းစာက ဖော်ပြသည်။ ရဲတပ်ဖွဲ့နှင့် MI5 မှ လုံခြုံရေးတပ်ဖွဲ့သည် ဝန်ကြီးချုပ်မေကို သတ်ဖြတ်ရန် ကြံစည်သည်ဟု ယူဆရသူ အမျိုးသားနှစ်ဦးကို လန်ဒန်မြို့နှင့် ဘာမင်ဟန်မြို့တို့၌ လုပ်ဆောင်သည့်ပူးတွဲ စီးနင်းမှုများအတွင်း ဖမ်းဆီးခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ဝန်ကြီးချုပ်ရုံးတည်ရှိရာ ဒေါင်းနင်းလမ်းတွင် ဗုံးခွဲတိုက်ခိုက်ပြီးနောက် ဝန်ကြီးချုပ်၏ ရုံးအတွင်းဝင်၍ မေကိုဓားဖြင့် တိုက်ခိုက်ရန် ကြံစည်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် အသက်၂ဝ ရှိနာအီမူ အာရာမန်နှင့် ၂၁ နှစ်ရှိ မိုဟာမက်အာကစ်အင်ရမ်တို့ဖြစ်ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထားသည်။ အစ္စလာမ်မစ် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မည့် အစီအ စဉ်ကို လုံခြုံရေးတပ်ဖွဲ့က ယခုအကြိမ်ဖော်ထုတ် နိုင်ခြင်းသည် ယခုနှစ်မတ်လမှစ၍ ကိုးကြိမ် မြောက် ဖော်ထုတ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် MI5 သည် အကြမ်းဖက်သမားဟု ယူဆရသူ ၃ဝဝဝ ကို စုံစမ်း စစ်ဆေးနိုင်ပြီး ဗြိတိန်တစ်နိုင်ငံလုံးတွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်သည်ဟု ယူဆခံရမှုဖြင့် ယင်းအဖွဲ့၏ စုံစမ်းစစ်ဆေးခြင်း ခံထားရသူ ၂ဝဝဝဝ ခန့်ရှိကြောင်း The Guardian သတင်းစာတွင် ဖော်ပြထားသည်။

Read 258 times Last modified on Thursday, 07 December 2017 09:56