SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ဆာလေးသေဆုံးမှုနှင့်အတူ ယီမင်ရှိ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွား လာဖွယ်ရှိဟု မက်တစ်ဆို

Thursday, 07 December 2017 13:36 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဒီဇင်ဘာ ၆

ကြောက်မက်ဖွယ်ရာကောင်းသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် ရင်ဆိုင်နေရသည့် ယီမင်နိုင်ငံသည် သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေး လုပ်ကြံသတ်ဖြတ် ခံရမှုကြောင့် မကြာမီ အချိန်အတွင်း ယခုထက်ပိုမိုဆိုးရွားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က ဒီဇင်ဘာ ၅ ရက်တွင်ပြောသည်။ ဆာလေးသည် မဟာမိတ်ေ ဟာင်း ဟူသီသူပုန်များနှင့် ဆက်ဆံရေးကို ဖျက်သိမ်းပြီး ဆော်ဒီအာရေဗျ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းလိုက်သည့်အတွက် ဒီဇင်ဘာ ၄ ရက်တွင် ယီမင်နိုင်ငံရှိ လမ်း ဘေးတစ်နေရာ၌ လုပ်ကြံသတ်ဖြတ် ခံလိုက်ရခြင်းဖြ စ်သည်။ ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့၏ ပိတ်ဆို့မှုများနှင့် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ယီမင်နိုင်ငံသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနှင့်ရင်ဆိုင်နေရပြီး ပြည်သူ ၇ သန်းမှာ အစာရေစာပြတ် လပ်ကာ တစ်သန်းခန့်မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ ခံစားနေရသည်။ ထို့ကြောင့် ယီမင်နိုင်ငံ၏ အခြေအနေမှာ ကုလသမဂ္ဂ ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများဆီသို့ ဦးတည်မည်လား သို့မဟုတ် ယခုထက်ပိုမိုကြောက်စရာ ကောင်းသော စစ်ပွဲဆီသို့ ဦးတည်မည်လားဆိုသည်ကို မသိရှိနိုင်သေးကြောင်း မက်တစ်ကပြောသည်။ သို့သော် ၎င်းအနေဖြင့် ကျိန်းသေပေါက် ပြောနိုင်သည့်အရာမှာ ယီမင်နိုင်ငံရှိအပြစ်မဲ့ ပြည်သူများ အနေဖြင့် လာမည့်အချိန်အနည်း ငယ်အတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာဖွယ် ရှိခြင်းပင်ဖြစ်ကြောင်း မက်တစ်က အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသမှ အမေရိကန်သို့ပြန်စဉ် လမ်းခရီး၌ သတင်းထောက်များအား ပြောခြင်းဖြစ်သည်။ ယီမင်နိုင်ငံတွင် ဖြစ်ပွားသည့် စစ်ပွဲကြောင့်လူ ၁ဝဝဝဝ ကျော်သေဆုံး ပြီး သန်းပေါင်းများစွာမှာ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။

Read 283 times Last modified on Thursday, 07 December 2017 13:44