SJ WorldNews - шаблон joomla Авто

တောမီးလောင်မှု ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ နိုးနိုးကြားကြား အိပ်စက်ရန် သတိပေး

Friday, 08 December 2017 09:19 font size decrease font size decrease font size increase font size increase font size

လော့အိန်ဂျလိ ဒီဇင်ဘာ ၇

တောမီးလောင်မှု ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ အနေဖြင့် လိုအပ်လာလျှင် ရွှေ့ပြောင်းနိုင်ရန်အတွက် နိုးနိုးကြားကြားဖြင့် အိပ်စက်ကြရန် လော့အိန်ဂျလိမြို့ အရေးပေါ် စီမံခန့်ခွဲရေးဌာနက ဒေသတွင်းရှိ မိုဘိုင်း ဖုန်းအသုံးပြုသူများ ထံသို့ ဒီဇင်ဘာ ၆ ရက်ညပိုင်းတွင် သတင်းစကား ပေးပို့ထားကြောင်း သိရသည်။ လေ ပြင်းများ တိုက်ခတ်မှုကြောင့် တောမီးလောင်မှု အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်သည့်အတွက် သတိဝီရိယ ဖြင့်နေကြရန်နှင့် တာဝန်ရှိသူများ၏ သတိပေးမှုများကို နားစွင့်ထားရန် ပေးပို့ထားသည့် သတင်းစကားတွင် ပြောထားသည်။ ထို့ပြင် တောမီးလောင်မှုဖြစ်ပွားသည့် နေရာနှင့်အနီးတွင် နေထိုင်ကြသူများ အနေဖြင့် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် နိုးနိုးကြား ကြားဖြင့် အိပ်စက်ရန် လိုအပ်ကြောင်း လော့အိန်ဂျလိစီရင်စု မီးသတ်ဌာနမှ အကြီးအကဲ ဒါရိုင်းအော့စဘီက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် သတိပေးထားသည်။ လော့အိန်ဂျလိမြို့လယ်ကောင်မှ အနောက်မြောက်ဘက် ၄၂ ကီလို မီတာအကွာတွင် လောင်ကျွမ်းနေသော တော မီးကြောင့် လက်ရှိတွင် နေအိမ်အလုံး ၃ဝ မှာ မီးထဲပါသွားပြီး နောက်ထပ်နေအိမ်အလုံး ၂၅ဝဝ ခန့်မှာ မီးဘေး သင့်မည့် အလားအလာရှိကြောင်း သိရသည်။

Read 196 times Last modified on Friday, 08 December 2017 09:24