SJ WorldNews - шаблон joomla Авто

အိန္ဒိယတောင်ပိုင်းတွင် ထရပ်ကားနှင့် ဗင်ကားတိုက်မိ၊ ကိုးဦးသေဆုံး

Friday, 08 December 2017 09:16 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဒီဇင်ဘာ ၇

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးနာဒူးပြည်နယ်၌ ယာဉ်တိုက်မှု တစ်ခုဖြစ်ပွားရာ ကိုးဦးသေဆုံးပြီး လေးဦးဒဏ် ရာရရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ပြောသည်။ တမီးနာဒူးပြည်နယ်၏ မြို့တော် ချန်နိုင်းမြို့မှ ကီလိုမီတာ ၃ဝဝ ကျော်အကွာ ထရိုချီခရိုင်အနီးရှိ သူဗာရန်ကူရစ်ချီမြို့၌ ရပ်ထားသော ထရပ်ကားကို ခရီးသည်များ လိုက်ပါလာသည့် ဗင်ကားက ဝင်တိုက်ခြင်းဖြစ်ကြောင်း အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောသည်။ ကလေးငယ်သုံးဦးနှင့် အမျိုးသ မီးနှစ်ဦး အပါအဝင် လူကိုးဦးသည် နေရာတွင်ပွဲချင်းပြီး သေဆုံးသွား ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများကို ခရိုင်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းနှင့် ၎င်းတို့အနက် တစ်ဦးမှာစိုးရိမ်ရကြောင်း ရဲအရာရှိက ဆက်ပြောသည်။ သေဆုံး သူများနှင့် ဒဏ်ရာရရှိသူများသည် နိုင်ငံတောင်ပိုင်းစွန်း ထရိုင်ပူတီဘုရားကျောင်းသို့ သွားနေခြင်းဖြစ်ကြောင်းနှင့် လမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။ ဗင်ကားယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေး သွားကြောင်းနှင့် ၎င်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

Read 227 times Last modified on Friday, 08 December 2017 09:25