SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား၌ အလုပ်လက်မဲ့နှုန်း စံချိန်တင်မြင့်တက်

Friday, 12 January 2018 12:03 font size decrease font size decrease font size increase font size increase font size

တောင်ကိုရီးယားနိုင်ငံ၌   ပြီးခဲ့သည့်နှစ် အတွင်း အသက် ၁၅ နှစ်မှ၂၉ နှစ်အကြား အလုပ်လက်မဲ့ဦးရေသည် တစ်သန်းအထိ ရှိသောကြောင့် နိုင်ငံ၏အလုပ်လက်မဲ့နှုန်းမှာ စံချိန်တင်မြင့်တက်လာကြောင်း အစိုးရက ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်းရှိ  အလုပ်လက်မဲ့လူငယ် ပမာဏသည်၂ဝ၁၇ ခုနှစ်တွင် ၉ဒသမ ၉ရာခိုင်နှုန်းရှိနေပြီး ယင်းပမာဏ သည် ၂ဝဝဝ  ပြည့်နှစ်မှစ၍ အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း Statistics Koreaက ဇန်နဝါရီ ၁ဝ ရက်တွင် ဖော်ပြသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံအတွင်းရှိ အလုပ်အကိုင်ရှိ လူငယ်ဦးရေမှာ ၄၃၅ဝဝဝ ဖြစ်သောကြောင့်  ယင်းပမာဏသည်၂ဝ၁၆ ခုနှစ် ပမာဏနှင့်ညီမျှလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့်နှစ်အတွင်း၌ နိုင်ငံ အတွင်းရှိ အသက် ၁၅ နှစ်မှ၂၉ နှစ်ကြားရှိ အလုပ်လက်မဲ့လူငယ်ဦးရေမှာ ၁ဝ၂၈ဝဝဝ အထိမြင့်တက်လာသောကြောင့်  အလုပ်လက်မဲ့ဦးရေသည် နှစ်နှစ်ဆက်တိုက်သန်းနှင့်ချီ မြင့်တက် လာခြင်း ဖြစ်သည်။

နိုင်ငံအတွင်းရှိ အလုပ်လက်မဲ့လူငယ်ဦးရေ ကိုလျှော့ချနိုင်ရေးအတွက် အစိုးရအနေဖြင့်အလုပ်အကိုင်များ ဖန်တီး နိုင်ရေး အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်မည်ဟု   ပြီးခဲ့သည့်နှစ်မေလတွင် သမ္မတအဖြစ်စတင်တာဝန်ထမ်း ဆောင်သည့် မွန်ဂျေးအင်က ပြောသော်လည်း အစိုးရ၏ကြိုးပမ်းချက်များသည် ယခုအချိန်အထိ ထိရောက်မှု မရှိသေးပေ။

မွန်ဂျေးအင်သည် နိုင်ငံအတွင်းရှိပုဂ္ဂလိက ကဏ္ဍ၌ အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်ရေး အတွက် ကုမ္ပဏီများအား  ပြီးခဲ့သည့်နှစ် ဒုတိယနှစ်ဝက်ကာလအတွင်း အပိုထောက်ပံ့ ကြေးများပေးအပ်ကာ  အလုပ်သမားများ ခန့်ထားရန်  တိုက်တွန်းခဲ့သော်လည်း စုစုပေါင်း အလုပ်သမား ခန့်ထားမှုနှုန်းသည်၂ဝ၁၇ခုနှစ်အတွင်း သုည ဒသမ ၃ ရာခိုင်နှုန်းသာ မြင့်တက်လာသည်။     

Read 64 times Last modified on Friday, 12 January 2018 12:04