SJ WorldNews - шаблон joomla Авто

ရေကြီးမှု ကာကွယ်ရေးကို အလျင်အမြန် မလုပ်ဆောင်ပါက နှစ်ပေါင်း ၂ဝ အတွင်း လူသန်းပေါင်းများစွာ ရေကြီးမှု အန္တရာယ်နှင့်ကြုံတွေ့နိုင်

Friday, 12 January 2018 12:04 font size decrease font size decrease font size increase font size increase font size

ရောမ  ဇန်နဝါရီ  ၁၁

ကမ္ဘာကြီးပူနွေး လာမှုကြောင့် မိုးရွာသွန်းမှု ပမာဏများပြား လာနိုင်ခြေမြင့်တက်နေစဉ် နိုင်ငံများအနေဖြင့် ရေကြီးမှု ကာကွယ်ရေး ကို အလျင်အမြန်တိုးမြှင့် မလုပ်ဆောင်ပါက  လာမည့်နှစ်ပေါင်း ၂ဝ အတွင်း လူသန်းပေါင်း များစွာမှာ မြစ်ရေကြီးမှု အန္တရာယ်နှင့်ကြုံ တွေ့ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက  ဇန်နဝါရီ ၁ဝ ရက်တွင် ပြောသည်။

အာရှ၌ ရေကြီးမှု အန္တရာယ်နှင့်ကြုံ တွေ့ရမည့်အရေအတွက်မှာ သန်း ၇ဝ မှ ၁၅၆  သန်းအထိ နှစ်ဆမြင့်တက် လာမည်ဖြစ်ပြီး ရေကြီးမှု အဆိုးဝါးဆုံးနိုင်ငံများတွင် အိန္ဒိယ၊ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်ကြောင်း ဂျာမနီနိုင်ငံ ပေါ့စဒမ်မြို့ရှိ ရာသီဥတု အကျိုး သက်ရောက်ရေး သုတေသနဌာန၏ လေ့လာမှုအရ သိရသည်။

ရေကြီးမှုဖြစ်ပွားလေ့ရှိ သော ပါကစ္စတန်၌ ရေကြီးမှု အဆိုးဝါးဆုံး အန္တရာယ်နှင့် ကြုံတွေ့ မည်ဖြစ်ပြီး ကြိုတင်ကာကွယ်ရေး ဆောင်ရွက် ချက်များ မလုပ်ဆောင်ပါက ၂ဝ၄ဝပြည့်နှစ်တွင် လူဦးရေ ၁၁ သန်းမှာ ရေကြီးမှု အန္တရာယ်  နှင့် ကြုံတွေ့ ရမည်ဖြစ်ကြောင်း သိရသည်။

တောင်အမေရိက တွင်မူ ရေကြီးမှုအန္တရာယ် နှင့်ကြုံတွေ့ရမည့်အရေအတွက်မှာ ၁၂ သန်း အထိ နှစ်ဆမြင့်တက် မည်ဖြစ်မည်ဖြစ်ပြီး  အာဖရိကအနေဖြင့် လူဦးရေ ၃၄ သန်းမှာ ရေကြီးမှုအန္တရာယ်နှင့်ကြုံတွေ့မည်ဖြစ်ကြောင်း သုတေသန ပညာရှင်များက ပြောသည်။

သို့သော် သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်များမှာ လူဦးရေ တိုးတက်မှုကို ထည့်တွက် မထားသည့်အတွက်  ရေကြီးမှု အန္တရာယ်နှင့် အမှန်တကယ် ကြုံတွေ့ရမည့် အရေအတွက်မှာ ခန့်မှန်းထားသည်ထက် ပို၍မြင့်တက်မည့်

အလားအလာရှိနေကြောင်း သိရသည်။

လာမည့် ၂၅ နှစ်အတွင်း  အဆိုးဝါးဆုံး ရေကြီးမှုအန္တရာယ်ကို ထိန်းသိမ်းရန် ရေကြီးမှု ကြိုတင်ကာကွယ်ရေးမည်မျှ လုပ်ဆောင်ရမည်ကို သုတေသန ပညာရှင်များက တွက်ချက် ထားသည်ဟု သိရသည်။  

 

 

 

Read 11 times Last modified on Friday, 12 January 2018 12:04