SJ WorldNews - шаблон joomla Авто

National Dairy Festival 2018 သို့ မြန်မာနိုင်ငံနို့ လုပ်ငန်းရှင်များ အသင်း တက်ရောက်မည်

Friday, 12 January 2018 12:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံ  Sara Buti ခရိုင်  Muak lek a'o&Sd  Dairy Farming Promotion Organization (DPO) ဌာနချုပ်၌ကျင်းပမည့် National Dairy Festival 2018 သို့ မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များအသင်း တက်ရောက် မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

''ဒီပွဲမှာ နိုင်ငံတကာက   နို့နဲ့နို့ထွက် ပစ္စည်းတွေနဲ့  ဆက်စပ်ကုမ္ပဏီတွေ အများအပြား လာရောက်ပြသကြမယ်။ ဒီပွဲက နို့စားနွားပြိုင်ပွဲ၊   နွားခြံသုံး စက်ကိရိယာပစ္စည်းတွေ၊ ဆေးဝါးတွေ ရောင်းချတဲ့ ကြီးမားတဲ့ ပြပွဲကြီး တစ်ခုပါ။ ဒီပွဲကို တက်ရောက်ဖို့ အတွက် ထိုင်းနိုင်ငံ Dairy Farming Promotion Organization (DPO) က ဖိတ်ခေါ် တာကြောင့်  တက်ရောက်မှာပါ။ 

ဒါ့ပြင် မေထုန်မဲ့ သားစပ်နည်းကို  သင်ပေးမှာဖြစ်လို့    သင်တန်းတက်ရောက်လိုတဲ့    သင်တန်းသားတွေကိုလည်း ခေါ်ယူသွားမှာပါ'' ဟု မြန်မာနိုင်ငံ နို့လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါပွဲကို ဇန်နဝါရီ ၃ဝ ရက်မှ ဖေဖော်ဝါရီ  ၅ရက်အထိ ကျင်းပမည်ဖြစ်ပြီး တက်ရောက် လာသူများအတွက် မေထုန်မဲ့ သားစပ် သင်တန်းကို ခုနစ်ရက်ကြာ သင်ကြား ပေးမည်ဖြစ်သည့်အပြင်  ထိုင်းနိုင်ငံရှိ   နို့လုပ်ငန်း သမဝါယမအသင်းများ၏ နို့ကောက်စခန်းများ၊ နို့ချက်စက်ရုံများနှင့် စားကျက်ခင်းများကိုပါ  လေ့လာနိုင်ရန် ဆောင်ရွက်ပေး မည်ဖြစ်သည်။                       

သီရိ 

 

Read 11 times Last modified on Friday, 12 January 2018 12:22