SJ WorldNews - шаблон joomla Авто

အသင်း၏ အားနည်းချက်များ ပြင်ဆင်နိုင်ရန် ကိုင်တာအား အမြန်ခေါ်ယူလို ယခုခေါ်ယူလျှင် လိုက်ပဇစ်ကို ပေါင် ၁၃ သန်းကျော် လီဗာပူး ပေးရမည်

Friday, 12 January 2018 12:42 font size decrease font size decrease font size increase font size increase font size

လီဗာပူး   ဇန်နဝါရီ     ၁၁

လီဗာပူးအသင်းသည် ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လိုက်ပဇစ် အသင်းမှ ဂီနီလက်ရွေးစင် ကွင်းလယ်ကစား သမား နာဘီကိုင်တာကို  ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်မှာပင် ခေါ်ယူမည်ဆိုလျှင် ပေါင် ၁၃ သန်းကျော် ပေးရ နိုင်ကြောင်း သိရသည်။ လီဗာပူးအသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ကာလကတည်းက ကိုင်တာကို ပြောင်းရွှေ့ကြေး ပေါင်

၄၈ သန်းဖြင့် ခေါ်ယူရန် သဘောတူစာချုပ်ထားပြီး ဖြစ်သော်လည်း ယခုဘောလုံးရာသီအကုန်မှ ခေါ်ယူ မည်ဆိုသည့်  သဘောတူညီမှု ယူခဲ့ခြင်းဖြစ်သည်။ လိုက်ပဇစ်အသင်းသည် ယခုရာသီတွင် ချန်ပီယံ လိဂ်ပွဲ ကစားခွင့် ရခြင်းကြောင့် ကိုင်တာကို  ချက်ချင်း လက်မလွှတ်ချင်ဘဲ ရာသီကုန်မှလက်လွှတ်ရန် ဆုံးဖြတ် ခြင်းဖြစ် သည်။

လီဗာပူး နည်းပြ ဂျာဂန်ကလော့သည် ဇန်နဝါရီ ဈေးကွက်ဖွင့်သည့်ရက်မှာပင် ဆောက်သမ်တန်အသင်းမှ နယ်သာလန် ဗဟိုခံစစ်မှူး ဗန်ဒစ်ကို ခံစစ်မှူးများအနက်  ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်သော ပေါင် ၇၅ သန်းဖြင့် ခေါ်ယူပြီးဖြစ်သော်လည်း အသင်း ကွင်းလယ်ဖန်တီးရှင် ကော်တင်ဟိုကို ဘာစီလိုနာထံသို့   ပေါင် ၁၄၅ သန်းဖြင့်   ရောင်းထုတ် နိုင်ခြင်းကြောင့် ငွေကြေးထပ်မံသုံးစွဲရန် ရှိနေသည်။  ထို့ကြောင့် လက်ရှိတွင် ကွင်းလယ် ပိုင်းနှင့်  ခံစစ်ပိုင်းအားနည်း

ချက်ကို အမြန်ဆုံးပြင်ဆင်နိုင်ရန် ကိုင်တာအား ရာသီကုန်တွင် ခေါ်ယူခြင်းထက်   ယခုကတည်းက ခေါ်ယူသွားရန် ဆန္ဒရှိနေသည်။ လိုက်ပဇစ်အသင်းသည်လည်း ၂ဝ၁၆-၂ဝ၁၇ ဘောလုံးရာသီမှ ဂျာမန်ဘွန်ဒက်စ်လီဂါသို့ တန်း တက်လာရာတွင် ပထမဆုံးနှစ်မှာပင် အဆင့်(၂) နေရာရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရာ  အသင်းကျွိုနိ ကြူ အားဖြည့် အချိုရည် ကုမ္ပဏီမှ ငွေကြေးများစွာထောက်ပံ့ ပေးရခြင်းကြောင့်  ဥရောပဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာ  ရေးမျှခြေစည်းမျဉ်းနှင့် ဘောင်ဝင်စေရန်   ငွေကြေး လိုအပ်နေသောကြောင့်    ကိုင်တာကို လီဗာပူးထံ  ယခုက တည်း က ပြောင်းရွှေ့စေရေးအတွက် ငွေကြေးရယူကာ စီမံသွားဖွယ်ရှိနေသည်။

ဂျာမန်ဘိုင်းလ် သတင်းစာ၏ အဆိုအရ  ကိုင်တာ ကို ယခုလအတွင်း လီဗာပူးထံ ပြောင်းရွှေ့ခွင့်ပြုမည် ဆိုလျှင်    လိုက်ပဇစ် အသင်းသည် လီဗာပူးထံမှပေါင်  ၁၃ သန်းနှင့် ပေါင် ၁၇ ဒသမ ၅ သန်းကြား တောင်းဆိုဖွယ်ရှိ ကြောင်း သိရသည်။

ကိုင်တာသည် ယခုရာသီတွင် လိုက်ပဇစ်နှင့် ချန်ပီယံ လိဂ်ပွဲများ ကစားထားခြင်းကြောင့် လီဗာပူးအသင်းခေါ် ယူလျှင် ယခုရာသီ  လက်ကျန်  ချန်ပီယံလိဂ်ပွဲများ ကစားခွင့် မရနိုင်ပေ။ သို့သော် လိဂ်ဖလားနှင့် အက်ဖ် အေဖ လားပွဲ များတွင် ပါဝင်ကစားခွင့်ရှိနေ၍ ဂျာဂန် ကလော့က ယခုကတည်းက ခေါ်ယူရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ ကိုင်တာသည် ယခုရာသီတွင် လိုက်ပဇစ် အတွက် ခြေစွမ်းမပြနိုင်သဖြင့် အသင်းပရိသတ်များ၏ ဝေဖန်ခြင်းခံနေရသည်။         .

Read 13 times Last modified on Friday, 12 January 2018 12:43