SJ WorldNews - шаблон joomla Авто

သြစတြေးလျ၌ လူငယ်များ ဆေးလိပ်အရက်သောက်သုံးမှု လျော့နည်းလာဟု သုတေသန ပညာရှင်များဆို

Saturday, 13 January 2018 08:09 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ ဇန်နဝါရီ ၁၂

သြစတြေးလျနိုင်ငံ၌ လူငယ်များအနေဖြင့် ဆေးလိပ်နှင့် အရက်သောက်သုံးမှု၊ ဆေးရွက်ကြီးနှင့် ဆေးခြောက်အသုံးပြုမှုတို့ လျော့နည်းလာကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သော သုတေသနအရ သိရသည်။ သြစတြေး လျနိုင်ငံ အနောက်ပိုင်းပြည်နယ်များ၊ ဗစ်တိုးရီးယားပြည်နယ်နှင့် ကွင်းစလန်းပြည်နယ်တို့မှ ပျမ်းမျှအသက် ၁၃နှစ်ကျော် ကျောင်းသား ၄၁ဝဝဝ ကျော်ကို လေ့လာစမ်းစစ်မှု လုပ်ဆောင်ခဲ့သည်။ ယင်းသို့လုပ် ဆောင်ရာတွင် မိဘ၏ သဘောထားများ၊ အပြုအမူများကြောင့် အဓိကအားဖြင့် ကလေးငယ်များ အရွယ်ရောက်လာသည့်အခါ မူးယစ်ဆေးများအသုံးပြုလာခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း သြစတြေးလျ သုတေသနပညာရှင်များက ဆေးဝါးနှင့် အရက်ဆိုင်ရာ အတွေးအမြင်များ ရေးသားသောဂျာနယ်၌ ဖော်ပြထားသည်။ နိုင်ငံအတွင်း၌ ဆေးလိပ်၊ ဆေးရွက်ကြီး အသုံးပြုမှုလျှော့ချရန်နှင့် အရွယ်မရောက်သေးသူများကို အရက်ရောင်းဝယ်ခြင်းများနှင့် ပတ်သက်၍ ပြည်နယ်ဥပဒေများက ကန့်သတ်ထားရန် ပြည်သူ့ကျန်းမာရေးအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှု အောင်မြင်ကြောင်းနှင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းများသည် လူငယ်များ အရက်သေစာသောက်သုံးမှုကို လျော့နည်းစေကြောင်း သိရသည်။

Read 12 times Last modified on Saturday, 13 January 2018 08:12