SJ WorldNews - шаблон joomla Авто

ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၃၁ လုံးကို အိန္ဒိယလွှတ်တင်

Saturday, 13 January 2018 08:19 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ ဇန်နဝါရီ ၁၂

အိန္ဒိယအစိုးရသည် နိုင်ငံတောင်ပိုင်း ဆရီဟာရီကိုတာ အာကာသစခန်းမှ ဇန်နဝါရီ ၁၂ ရက်တွင် ဒုံးပျံတစ်စင်းတည်းဖြင့် ဂြိုဟ်တု ၃၁ လုံးကို လွှတ်တင်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံပိုင် အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ၏ ပိုလာဂြိုဟ်တု လွှတ်တင်ရေးယာဉ်ကို ပြည်ပ၏ဂြိုဟ်တု ၂၈ လုံးနှင့်အတူ နိုင်ငံ၏အလုံး ၁ဝဝ မြောက် ကာတိုဆက် ကမ္ဘာဂြိုဟ်လေ့လာရေး ဂြိုဟ်တုအပါအဝင် ဂြိုဟ်တု ၃၁ လုံးဖြင့် ဒေသစံတော်ချိန် နံနက်၉ နာရီ ၂၉ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် နှစ်နာရီအတွင်း ဂြိုဟ်တုအားလုံးကို ဂြိုဟ်ပတ်လမ်းနှစ်ခုသို့ ထားရှိနိုင်ကြောင်း၊ ဂြိုဟ်တုအလုံး ၃ဝ ကို မြေပြင်အထက် ကီလိုမီတာ ၅၅ဝ အကွာ ဂြိုဟ်ပတ်လမ်းနှင့် ဂြိုဟ်တုတစ်လုံးကို မြေပြင်အထက် ၃၅၉ ကီလိုမီတာအကွာရှိ ဂြိုဟ်ပတ်လမ်းတွင် ထားရှိနိုင်ခဲ့ကြောင်း သိရသည်။ (ISRO) အနေဖြင့် နာနိုဂြိုဟ်တု၊ မိုက်ခရို ဂြိုဟ်တုအပါအဝင် အခြားဂြိုဟ်တု ၂၈ လုံးကို ကာတိုဆက်နှင့်အတူ အောင်မြင်စွာ လွှတ်တင်ခြင်းဖြင့် ၂ဝ၁၈ ခုနှစ်ကိုစတင်နေပြီး ၄င်းတို့အနေဖြင့် နိုင်ငံသို့ နှစ်သစ်လက်ဆောင် ပေးနိုင်သည့်အတွက် ပျော်ရွှင်မိကြောင်း (ISRO) မှ အကြီးအကဲ အေအက်ကီရန်ကူမာက ဒေသတွင်း သတင်းဌာနသို့ ပြောသည်။ ထို့ပြင် ယင်းကဲ့သို့ လွှတ်တင်မှု အောင်မြင်ခြင်းအတွက် အာကာသ သိပ္ပံပညာရှင်များကို အိန္ဒိယသမ္မတနှင့် ဝန်ကြီးချုပ်တို့က ချီးကျူးဂုဏ်ပြုထားကြောင့် သိရသည်။

Read 161 times Last modified on Saturday, 13 January 2018 08:24