ဆိုး ဇန်နဝါရီ ၁၂
တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံ၌ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုးဝါးမှုကြောင့် နှစ်နာရီအတွင်း မွေးကင်းစကလေးငယ် လေးဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။ အဆိုပါ သေဆုံးမှုသည် အင်ဟွာ အမျိုးသမီးများ တက္ကသိုလ်ဆေးရုံ၌ ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းဆေးရုံမှ ဆရာဝန်နှစ်ဦး၊ သူနာပြုဆရာမ သုံးဦးကို သေဆုံးမှုများနှင့် ပတ်သက်၍ ပေါ့ဆမှုကြောင့် တမင်တကာ လူသေစေမှုဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ တောင်ကိုရီးယားနိုင်ငံသည် အထူးသဖြင့် မျက်နှာအလှ ပြုပြင်ရေး ခွဲစိတ်ကုသမှုအပါအဝင် ဆေးကုသမှုဆိုင်ရာ ခရီးသွားလာရေးအတွက် အဓိကနေရာနှင့် ခေတ်မီအဆင့်မြင့် နည်းပညာများရှိသည့် နိုင်ငံဖြစ်သည့်အတွက် ယင်းဖြစ်စဉ်မှာ ရှားပါးကြောင်းသိရသည်။ ယင်းကလေးငယ်လေးဦးကို သွေးစစ်ချက်များအရ ၄င်းတို့အားလုံးသည် ဆေးဝါးခုခံနိုင်စွမ်းရှိသော ဗက်တီးရီးယားပိုးများ ကူးစက်ခံရမှုကြောင့် ဆိုးဝါးသော အနာရင်းမှုများ ဖြစ်ပေါ်သည်ကို တွေ့ရကြောင်း ဆိုးမြို့ရဲတပ်ဖွဲ့က ပြောသည်။