SJ WorldNews - шаблон joomla Авто

ဝန်ကြီးချုပ်ရုံး အနီးရှိ စစ်သွေးကြွသုံးဦးကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့ချေမှုန်း

Saturday, 13 January 2018 08:29 font size decrease font size decrease font size increase font size increase font size

ဒါကာ ဇန်နဝါရီ ၁၂

ဒါကာမြို့တော်ရှိ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ ရုံးခန်းအဆောက်အအုံအနီး ပုန်းခိုနေသည့် စစ်သွေးကြွများကိုဇန်နဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်သွေးကြွသုံးဦးကို ချေမှုန်းလိုက်နိုင်ကြောင်း သတင်းဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စီးနင်းတိုက်ခိုက်မှုအတွင်း စစ်သွေးကြွ သုံးဦးသေဆုံးကြောင်း ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဘင်ဇာအာမတ်က အတည်ပြုပြောဆိုထားသည်။ စစ်သွေးကြွများက ဇန်နဝါရီ ၁၂ ရက် အစောပိုင်း အချိန်မှစ၍ ပုန်းခိုနေသည့်အဆိုပါ အဆောက်အအုံကို လုံခြုံရေးတပ်ဖွဲ့က ဝန်းရံပိတ်ဆို့ထားကြောင်း ၄င်းကဆက်ပြောသည်။ ယင်းစီးနင်း တိုက်ခိုက်မှုအတွင်း စစ်သွေးကြွများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် အထူးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိသည့်အပြင် ရဲအရာရှိများကိုလည်း စစ်သွေးကြွများက လက်ပစ်ဗုံးဖြင့် ပစ်ကြောင်းသိရသည်။ ရဲအရာရှိများသည် စစ်သွေးကြွများ လက်နက်ချအညံ့ခံရန် တောင်းဆိုနေစဉ် ၄င်းတို့က အဆောက်အအုံအတွင်းမှ ဗုံးများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

Read 187 times Last modified on Saturday, 13 January 2018 08:33