SJ WorldNews - шаблон joomla Авто

ထရမ့်၏ နယ်စပ်တံတိုင်းအတွက် မက္ကဆီကိုက မည်သည့်ငွေကြေးမျှ ကျခံမည်မဟုတ် ဟုဆို

Saturday, 13 January 2018 08:33 font size decrease font size decrease font size increase font size increase font size

မက္ကဆီကိုစီးတီး ဇန်နဝါရီ ၁၂

အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုနယ်စပ်၌ တည်ဆောက်မည့် သမ္မတထရမ့်၏ နယ်စပ်တံတိုင်း အစီအစဉ်အတွက် မက္ကဆီကိုနိုင်ငံက မည်သည့်ငွေကြေးပမာဏမျှ စိုက်ထုတ်ကျခံသွားမည် မဟုတ်ကြောင်း မက္ကဆီကို စီးပွားရေးဝန်ကြီးက ပြောသည်။ မက္ကဆီကိုနိုင်ငံအနေဖြင့် ထရမ့်၏နယ်စပ်တံတိုင်း စီမံကိန်းအတွက် ငွေကြေးအကုန် အကျခံမည်မဟုတ်ဟု သမ္မတအန်းရစ်ပီနာနီတိုက ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သည်ဟု စီးပွားရေး ဝန်ကြီး အီဒီဖွန်ဆိုဂွါဂျာဒိုက အမေရိကန်ပြည်ထောင်စု၌ တွေ့ဆုံ ဆွေးနွေးပြီးနောက် တစ်ရက်အကြာတွင် ၄င်း၏တွစ်တာစာမျက်နှာ၌ ရေးသားဖော်ပြခြင်းဖြစ်သည်။ မက္ကဆီကိုအစိုးရသည် မြောက်အမေရိကဒေသ လွတ်လပ် သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို အပြောင်းအလဲပြုလုပ်၍ သွယ်ဝိုက်သော နည်းလမ်းဖြင့် နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ငွေကြေးပေးအပ်နိုင်ကြောင်း ထရမ့်က Wall Street ဂျာနယ်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခု၌ပြောသည်။ အကယ်၍ အမေရိကန်အစိုးရ တောင်းဆိုသည့်အတိုင်း စေ့စပ်ညှိနှိုင်းမှုများကို လုပ်ဆောင်နိုင်ခြင်းမရှိပါက အမေရိကန်ပြည်ထောင်စုက ယင်းသဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု ထရမ့်က သတိပေးထားသည်။ ဂွါဂျာဒိုသည် သဘောတူညီ ချက်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဆွေးနွေးရန် ဝါရှင်တန်မြို့တော်သို့ ယခုရက်သတ္တပတ်အတွင်း သွားရောက်ခဲ့ကြောင်း သိရသည်။

Read 49 times Last modified on Saturday, 13 January 2018 09:04