SJ WorldNews - шаблон joomla Авто

ညွန့်ပေါင်းအစိုးရဖွဲ့ရေး အသေးစိတ်စီမံချက်ကို မာကယ်၏ ကွန်ဆာဗေးတစ်နှင့် SPD တို့ ချမှတ်နိုင်

Saturday, 13 January 2018 09:04 font size decrease font size decrease font size increase font size increase font size

ဘာလင် ဇန်နဝါရီ ၁၂

ဂျာမနီနိုင်ငံ၌ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်၏ ကွန်ဆာဗေးတစ်ပါတီနှင့် ဆိုရှယ်ဒီမိုကရက် ပါတီ (SPD) တို့အကြား ညလုံးပေါက် ဆွေးနွေးပြီးနောက် တရားဝင်စေ့စပ်ဆွေးနွေးရန် အသေးစိတ်စီမံချက်ကို ဇန်နဝါရီ ၁၂ ရက်တွင် ချမှတ်နိုင်ကြောင်း သိရသည်။ နိုင်ငံရေးပါတီနှင့် လွှတ်တော်အမတ်များအကြား ယခုကဲ့သို့ ဘောတူညီချက် ချမှတ်နိုင်ခြင်းသည် လာမည့်ရက်သတ္တပတ်များ အတွင်း၌ ၄င်းတို့အကြား အသေးစိတ်ကျပြီး တရားဝင်ကျင်းပသည့် စေ့စပ်ဆွေးနွေး မှုများဆက်လက်လုပ်ဆောင်ရန် လမ်းခင်းပေးလိုက်ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတကာတွင် ပါဝင်နေသည့် ဂျာမနီ၏ အခန်းကဏ္ဍကို လျော့ပါးစေသောမသေချာ၊ မရေရာ မှုများကိုပါ ဖယ်ရှားလိုက်နိုင်ခြင်းဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် ခြောက်ဦးသည် ဆွေးနွေးပွဲကို ၂၄ နာရီကြာကျင်းပပြီးနောက်စာမျက်နှာ ၂၈ မျက်နှာပါဝင်သည့် အသေးစိတ်စီမံချက်ကို ပါတီဝင်များထံသို့ ပေးအပ်ခဲ့ကြောင်း ပါတီနှင့်နီးစပ်သူများကဆိုသည်။ ဝန်ကြီးချုပ်မာကယ်သည် စက်တင်ဘာလတွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ လူထုထောက်ခံမှု လျော့ကျလာခြင်းနှင့် ရင်ဆိုင်ရပြီးနောက် ဂရင်းနှင့်လွတ်လပ်သော ဒီမိုကရက်ပါတီတို့နှင့် ပူးပေါင်း၍ သုံးပွင့်ဆိုင်ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကြောင့် လက်ဝဲယိမ်း SPD ပါတီဘက်သို့ပြောင်းလဲကာ အစိုးရဖွဲ့ရေး ဆွေးနွေးခြင်းဖြစ်သည်။ ဥရောပ၏ အကြီးမားဆုံးစီးပွားရေး အင်အားကြီး နိုင်ငံဖြစ်သည့် ဂျာမနီသည်ဒေသတွင်း အခြေအနေအတွက် အရေးပါသောကြောင့် လုပ်ဖော်ကိုင်ဖက်နိုင်ငံများက ဂျာမနီအစိုးရအသစ် ထွက်ပေါ်လာရေးကို စောင့်ဆိုင်းလျက်ရှိပြီး Brexit ဆွေးနွေးပွဲများ၊ ဥရောပ နယ်မြေ ပြုပြင်ပြောင်းလဲရေးနှင့် ဥရောပသမဂ္ဂ၏ သံခင်းတမန်ခင်း ကနဦးလုပ်ဆောင်မှုများတွင် ပါဝင်အထောက်အကူပြုပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Read 64 times Last modified on Saturday, 13 January 2018 09:13