SJ WorldNews - шаблон joomla Авто

အိပ်နေစဉ် ရုတ်တရက် သေဆုံးခြင်းကို ကာကွယ်ရန် ဂျပန် နေ့ကလေးထိန်း ကျောင်းများ၌ အာရုံခံ ကိရိယာ များ အသုံးပြု

Tuesday, 13 February 2018 10:00 font size decrease font size decrease font size increase font size increase font size

တိုကျို ဖေဖော်ဝါရီ ၁၂

ဝန်ထမ်းအလွန်အမင်းရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် ဂျပန်နိုင်ငံ မြို့ပြဒေသများရှိ နေ့ကလေးထိန်း ကျောင်းများ၌ ကလေးငယ်များ အိပ်နေစဉ်ရုတ်တရက် သေဆုံးခြင်းကို ကာကွယ်ရန် အတွက် အာရုံခံ ကိရိယာ များကို အသုံးပြုလျက်ရှိသည်။

ယင်းသို့ အာရုံခံ ကိရိယာများကို အသုံးပြု ခြင်းအားဖြင့် ကလေးငယ်များ၏ပုံမှန်မဟုတ် သောအခြေ အနေများကို အစောဆုံးသိရှိနိုင် မည်ဖြစ်သောကြောင့် ကလေးကို စောင့်ရှောက်သူများက ကလေးငယ် များ၏ အိပ်စက်မှုပုံစံ မမှန်ခြင်းနှင့် အသက်ပုံမှန်ရှူခြင်းရှိ၊ မရှိကို မကြာခဏ စစ်ဆေးရသည့်  စိတ်ဖိစီးမှုမှ ကင်းဝေး စေမည်ဖြစ်ကြောင်း Kyodo သတင်း ဌာနက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ အာရုံခံကိရိယာကို အသုံးပြုထား သည့်အတွက် ကလေးထိန်းကျောင်းရှိ ကလေးငယ်များ တစ်မှေး အိပ် စက်စဉ်တွင် ကလေးငယ် တစ်ဦးချင်းစီ၏ မှောက်လျက် သို့မဟုတ် ပက်လက်အနေ အထားဖြင့် အိပ်စက်မှုပုံစံများကို မြားဖြင့် ညွှန်ပြပေးသောကြောင့် ကလေးထိန်းကျောင်း အလုပ်သမားများ အနက် တစ်ဦး၏ တက်ဘလက်တွင်  ယင်းအခြေ အနေများကို မြင်တွေ့ရမည်ဖြစ်သည်။

ကလေးငယ်များ အိပ်နေစဉ် ရုတ်တရက် သေဆုံးမှုကို လျှော့ချရန်အတွက် ကလေးငယ်များကို ပက်လက် အနေ အထားဖြင့်သာ အိပ်စက်နိုင်စေရေးကို စောင့်ရှောက်သူများ အနေဖြင့် ဂရုစိုက်ရန် ကျန်းမာရေး ဝန်ကြီး ဌာနက တိုက်တွန်းထားသည်။

၂ဝ၁၆ ခုနှစ်တွင် ကလေးထိန်းကျောင်းများ၌ ကလေးငယ် သေဆုံးမှု ၁၃မှုအထိရှိခဲ့ ပြီး ၁ဝဦးမှာ  အိပ်စက် နေစဉ် ရုတ်တရက် သေဆုံးခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မွေးကင်းစကလေးငယ်များ ရုတ်တရက် သေဆုံးရခြင်း သို့မဟုတ် အကြောင်းရင်း မဖော်ပြ နိုင်သော အိပ်စက်စဉ် သေဆုံး ခြင်းတို့ကြောင့် နှစ်စဉ် ကလေးငယ် ၁ဝဝခန့် သေဆုံးနေရကြောင်းနှင့် ၎င်းတို့ အားလုံးမှာလည်း အသက်တစ်နှစ် အောက်ရှိ ကျန်းမာသည့် ကလေးများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။           

Read 11 times Last modified on Tuesday, 13 February 2018 10:16