SJ WorldNews - шаблон joomla Авто

ပြုံချန်းအိုလံပစ်၌ နိုရိုဗိုင်းရပ်ကူးစက်သူ ၁၇၇ ဦး အထိတွေ့ရှိ

Tuesday, 13 February 2018 10:16 font size decrease font size decrease font size increase font size increase font size

ပြုံချန်း   ဖေဖော်ဝါရီ   ၁၂

တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပလျက်ရှိသော ပြုံချန်း ဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲ၌  နိုရိုဗိုင်း ရပ်ကူး စက်ခံရသူ ၁၇၇ ဦး အထိရှိကြောင်း အားကစားပြိုင်ပွဲ စီစဉ်သူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် အတည်ပြု ပြောသည်။ သို့သော် ယင်းဗိုင်းရပ်သည် အားကစားသမားများကို  မကူးစက်သေးကြောင်း သိရ သည်။

အဆိုပါ ဗိုင်းရပ်နောက်ဆုံး ကူးစက်ခံရသူ ၁၉ဦးကို ဖေဖော်ဝါရီ ၁၁ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခြင်း ဖြစ်ကြောင်း၊ ဗိုင်းရပ်ကူးစက် ခံရသူ ၁၇၇ ဦးအနက် ၆၈ ဦးမှာ ရောဂါသက် သာသွားပြီဖြစ်သည့်အတွက် သီးခြားစောင့် ကြည့်အနေအထားမှ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနှင့်၎င်းတို့မှာ အားကစားပွဲ၌ လုပ်ငန်း ခွင်ပြန် ဝင်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းနိုရိုဗိုင်းရပ်သည် အိုလံပစ်အားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြုလုပ်သည့် ဖေဖော်ဝါရီ ၉ ရက်တွင် စတင် ပျံ့နှံ့လာခြင်း ဖြစ်ပြီး လုံခြုံရေးဝန်ထမ်း ၁၂ဝဝကို သီးခြား ခွဲထားလိုက်ရကာ ၎င်းတို့ကို ပြောင်းရွှေ့ ရန် စစ်ဘက်တပ်ဖွဲ့ဝင်များ၏ အကူအညီကို ရယူခဲ့ရကြောင်း အားကစားပြိုင်ပွဲ စီစဉ်သူများက ပြောသည်။

ထိုဗိုင်းရပ်ပိုးသည် ယခုအချိန်အထိ အားကစားသမား များကို ကူးစက်ခြင်း မရှိသေးဘဲ ပြီးခဲ့သည့် နှစ်တွင် လန်ဒန်မြို့ ၌ပြုလုပ်သည့် ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံရှစ်ပြိုင်ပွဲ၌ အားကစား သမားများသည်အဆိုပါ ဗိုင်းရပ် ကူးစက် မှုကြောင့် ပြိုင်ပွဲအချို့မှ နုတ်ထွက်ရကြောင်း သိရသည်။

..........

Read 124 times Last modified on Tuesday, 13 February 2018 10:17