SJ WorldNews - шаблон joomla Авто

ဒူဘိုင်း၌ ကမ္ဘာ့အမြင့်ဆုံးဟိုတယ် ဖွင့်လှစ်

Tuesday, 13 February 2018 10:17 font size decrease font size decrease font size increase font size increase font size

ဒူဘိုင်း   ဖေဖော်ဝါရီ   ၁၂

အာရပ်စော်ဘွားများ ပြည်ထောင်စု၏ မြို့တော်ဖြစ်သော ဒူဘိုင်းမြို့သည် ကမ္ဘာ့စံချိန် တင်မှုကိုအမြဲမပြတ် ဆိုသကဲ့သို့  လုပ်ဆောင် နေပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင် ကမ္ဘာ့အမြင့် ဆုံးဟိုတယ်တစ်လုံးကို ထပ်မံဖွင့် လှစ်လိုက်ပြီ ဖြစ်သည်။

ရွှေရောင်တဖိတ်ဖိတ်တောက်ကာ အထပ် ပေါင်း ၇၅ ထပ်ရှိသည့် ဂျီဗိုရာဟိုတယ်၏ အမြင့်က ၃၅၆ မီတာရှိပြီး ယင်းပမာဏမှာ   တစ်မိုင်၏လေးပုံတစ်ပုံနီးပါးနှင့်ညီမျှသည်။

ခမ်းနားထည်ဝါသည့် ဇိမ်ခံအခန်းပေါင်း ၅၂၈ ခန်းပါဝင်သည့် ဂျီဗိုရာဟိုတယ် ခေါင်မိုး၌ ရေကူးကန် တစ်ခုလည်း ပါဝင်သည့်အပြင် နောက်ဆုံးပေါ် ကျန်းမာရေးစင်တာလေးခုနှင့် ဇိမ်ခံစား သောက်ဆိုင် နှစ်ဆိုင်လည်း ပါဝင်သည်။

ယခင်က ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အဖြစ် စံချိန်တင်ထားနိုင်သည့်ဟိုတယ်မှာ ဒူဘိုင်း မြို့ရှိ ဂျေဒဗလျူမာရီ ယော့မားကစ် ဟိုတယ် ဖြစ်ပြီး ဂျီဗိုရာဟိုတယ်ထက် တစ်မီတာပင် နိမ့်သည်။

မြို့ပြနိုင်ငံတစ်ခုကဲ့သို့  တည်ရှိနေသည့် ဒူဘိုင်းသည် ၂ဝ၂ဝ ပြည့်နှစ်တွင် ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်ရေး ကုန်စည်ပြပွဲကို လက်ခံ ကျင်းပမည်ဖြစ်သည့်အတွက် နှစ်စဉ်ခရီးသွား သန်း ၂ဝခန့်ကို ဆွဲဆောင်နိုင်ရန် စီစဉ်နေ ခြင်းဖြစ်သည်။

သဲကန္တာရ အတွင်းရှိသည့်  ဒူဘိုင်းသည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံဖြစ်သည့် ဘာ့ခါလီဖာကိုလည်း ပိုင်ဆိုင်ထားပြီး ယင်းအဆောက်အအုံမှာ မိုင်ဝက် သို့မဟုတ် ၈၂၈မီတာ အမြင့်ရှိသည်။ ထို့ပြင် ခမ်းနား ထည်ဝါသည့် ဈေးဝယ် စင်တာကြီးများ၊ များပြားလှစွာ သောဇိမ်ခံ အပန်းဖြေနေရာများနှင့် မိုးလုံ လေလုံ နှင်းလျှောစီး စခန်းလည်း ရှိသည်။

Read 90 times Last modified on Tuesday, 13 February 2018 10:18