SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားက မိသားစုများ ပြန်လည် ပေါင်းစည်းရေး၊ မြောက်ကိုရီးယားနှင့် စစ်ရေးအရ တင်းမာမှု လျှော့ချ ရေးကို ဦးစားပေး ဆောင်ရွက်မည်

Tuesday, 13 February 2018 10:18 font size decrease font size decrease font size increase font size increase font size

ဆိုး   ဖေဖော်ဝါရီ   ၁၂

ကိုရီးယားနှစ်နိုင်ငံအကြား ရှားပါးလှသော ထိပ်သီးခေါင်းဆောင်များညီလာခံမကျင်းပမီ ပထမဆုံးခြေလှမ်း အနေဖြင့် ကိုရီးယားစစ်ပွဲ ကြောင့်ကွဲကွာသွားရသော မိသားစုများပြန် လည်ပေါင်းစည်းနိုင်ရေးနှင့် မြောက်ကို ရီးယား နှင့် စစ်ရေးအရ တင်းမာမှုများ လျှော့ချနိုင်ရေး တို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်

ကြောင်း တောင်ကိုရီးယား အစိုးရက ဖေဖော် ဝါရီ ၁၂ ရက်တွင်ပြောသည်။

မြောက်ကိုရီးယားမှ ထိပ်တန်းကိုယ်စား လှယ်များ၏ တောင်ကိုရီးယားသို့သုံးရက်ကြာ အလည်အပတ် ခရီး စဉ်ပြီးနောက် တောင်ကို ရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယား ကိုယ်စားလှယ်များ၏ ခရီး စဉ်အတွင်း တောင်ကိုရီးယား သမ္မတ မွန်ဂျေး အင်အား မြောက်ကိုရီးယားသို့ အလည်အပတ်လာ၍ ဆွေးနွေးမှုများ လုပ်ရန် ဖိတ်ခေါ်ခဲ့ ကြောင်းသိရသည်။

ထို့ပြင် မြောက်ကိုရီးယားကိုယ်စားလှယ် များ၏ခရီးစဉ်ကိုကြည့်ခြင်း အားဖြင့် မြောက် ကိုရီးယားအစိုးရ သည်  ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေရန် ဆန္ဒပြင်းပြသည်ကို တွေ့ရကြောင်းနှင့် လိုအပ်ပါက မကြုံစဖူး ထူးကဲသည့် လုပ်ဆောင်မှုများကို ဆောင် ရွက်နိုင်ကြောင်း တောင်ကိုရီးယား ပေါင်းစည်း ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြုံချန်းအိုလံပစ် အားကစားပြိုင်ပွဲသို့ လာသည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို တောင်ကိုရီးယား နိုင်ငံသား အများစုက ဝမ်းပန်းတသာ ကြိုဆိုသော်လည်း ပြည်တွင်းနှင့် နိုင်ငံတကာမှ ဝေဖန်မှုများနှင့်  စိုးရိမ်ပူပန်မှုများလည်း ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်၏ ညီမ ကင်ယိုဂျောင်က တောင်ကိုရီး ယား သမ္မတ မွန်ဂျေးအင်အား မြောက်ကိုရီးယားသို့ အလည်အပတ် လာရန် ဖိတ်ခေါ်သည့် စာတစ်စောင် ပေးခဲ့ပြီး မွန်ဂျေး အင်ကလည်း မြောက်ကိုရီးယားသို့ လာ၍နှစ်နိုင်ငံထိပ်သီး ညီလာခံကျင်းပနိုင်ရေး အတွက် အခြေအနေကောင်းများကို ဦးစွာဖန်တီးမည် ဖြစ်ကြောင်း ပြောထားသည်ဟု အိမ်ပြာတော် ၏ ထုတ်ပြန်ချက်အရ သိရသည်။

အကယ်၍    အဆိုပါထိပ်သီးညီလာခံ ကျင်းပဖြစ်မည်ဆိုပါက  ၂ဝဝ၇ ခုနှစ်မှစ၍ ကိုရီးယားနှစ်နိုင်ငံအကြား  ပထမဆုံး အကြိမ် ကျင်းပသည့်  ထိပ်သီးညီလာခံဖြစ်လာမည်ဖြစ်သည်။

နှစ်နိုင်ငံစလုံး၏ ဦးဆောင်မှုဖြင့် ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်လာစေ ရန်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ထောက်ပံ့မှုများ ရရှိစေရန်လည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

၁၉၅ဝ- ၅၃ ခုနှစ်တွင်ဖြစ်ပွားသော ကိုရီးယား စစ်ပွဲသည် စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆို ထားခြင်းမရှိဘဲ အပစ်အခတ် ရပ်စဲရေးဖြင့် သာအဆုံး သတ်ထားသည့် အတွက် စစ်ပွဲမပြီး ဆုံးသေးပေ။ သို့သော် ကင်ယို ဂျောင်၏ ခရီးစဉ်သည် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများ လျော့ကျလာစေမည့် ရှေ့ပြေးနိ မိတ် တစ်ခုကဲ့သို့ဖြစ်သည်။

 

Read 14 times Last modified on Tuesday, 13 February 2018 10:18